ဗေဒင်ဝါသနာပါသူများအတွက်‎ > ‎

စိတ်ဝင်စားဖွယ်ရာ ဗေဒင် game

ဒီ ဗေဒင် game လေး ကျွန်တော်ဆီမှာ ရှိနေတာကြာပါပြီ။ ကိုယ်တိုင် စမ်းကြည်တုန်းက မှန်သလို သူငယ်ချင်းတွေ ပေးကြည့်တော့လည်း မှန်တယ်လို့ ပြောကြတယ်။
ဖြေကြည့်မယ်ဆို စိတ်ဝင်တစား ဖြေပါ။ လျှောက် ရမ်းမရေးပါနဲ့။ တစ်ခါပဲ ဖြေလို့ရပါမယ်။ ဘာလို့လဲဆိုတော့ အဖြေ သိပြီးမှ ဆိုရင် နောက်တစ်ခေါက် ဖြေလို့ အဖြေမှန် မထွက်နိုင်တော့ပါဘူး။
ဖြေတဲ့အခါမှာ စိတ်ထဲမှာ ချက်ချင်း ပေါ်လာတာကို ချရေးပါ။
ကဲစရအောင်...
1.) အရင်ဆုံး ၁ ကနေ ၁၁ အထိ အမှတ်စဉ်ကို အပေါ်အောက် ချရေးထားပါ။

2.) ပြီးရင်...၁ နဲ့ ၂ မှာ - ကြိုက်ရာ ဂဏန်း တစ်ခုစီရေးပါ။

3.) ၃ နဲ့ ၇ မှာ - ဆန့်ကျင်ဘက်လိင် တစ်ဦးစီရဲ့ နာမည်တွေ ရေးပါ။
(ကိုယ်က ယောင်္ကျားလေးဆို မိန်းကလေး နာမည်။)(၃ မှာ တစ်ယောက် ၇မှာ တစ်ယောက်)(အများကြီး မစဉ်းစားပဲ ခေါင်းထဲ ပေါ်လာတဲ့ နာမည်တွေကိုသာ ရေးပါရန်။)

4.) ၄ ၊၅ နဲ့ ၆ မှာ ကျား/မ မရွေး တစ်ယောက်ယောက်စီရဲ့ နာမည်တွေ ရေးပါ။
(သူငယ်ချင်း ၊ မိသားစုဝင် လိုမျိုး။)

5.) ၈၊ ၉၊ ၁၀၊ ၁၁ နေရာတွေမှာ သီချင်း ခေါင်းစဉ် တစ်ခုစီ ရေးပါ။

6.) ဆုတောင်းပါ။

ကဲ ကိုယ်ဖြေလိုက်တာ ဘာအဓိပ္ပါယ်လဲ။ အောက်မှာဖတ်ကြည့်ပါကံကောင်းပါစေ...
















နံပါတ် ၃ က သင်ချစ်တဲ့သူပါ။

နံပါတ် ၇ က သင်ကြိုက်တဲ့သူ၊ ဒါပေမယ့် မဖြစ်နိုင်ဘူး။

နံပါတ် ၄ ကိုကျတော့ သင် အရမ်း ဂရုစိုက် အရေးထားပါတယ်။

နံပါတ် ၅က သင့်ကို အသိကျွမ်းဆုံး။

နံပါတ် ၆က သင့်ရဲ့ lucky star

နံပါတ် ၈ သီချင်းက နံပါတ် ၃ကလူနဲ့ သက်ဆိုင်နေတယ်။

နံပါတ် ၉ သီချင်းက နံပါတ် ၇ ကလူနဲ့ အတွက်။

နံပါတ် 10 ကတော့ သင့်ရဲ့စိတ်ခံစားချက်။

နံပါတ် ၁၁ က သင့်ရဲ့ ဘဝ အမြင်။

နံပါတ် ၂ နေရာမှာ ရေးခဲ့တဲ့ အရေအတွက် လူဦးရေကို ဒီ post ကို ပြောပြလိုက်ပါ။ :)

ဆက်ဖတ်ရန်>>>

ဆလုံဝါးလုံးရှည် အတီး



ဆလုံ
ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများ
ကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီးမိုးရာသီရာသီဥတုဆိုးဝါးသည့်အခါ

နီးစပ်ရာကျွန်းပေါ်တွင် ၀ါးခြေတိုင်ရှည်တဲများဖြင့်လည်း
ကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။

ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနို

င်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။

(ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျှင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမျှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျှသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။)

တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီ

း မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗံ
ုတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။


“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘ၀၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။

ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ

(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။

ကျန်းမာရေး
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။

ဝတ်စားဆင်ယင်ခြင်း
ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစား ၀တ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အ၀တ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ၀တ်ဆင်လာကြပေပြီ။

အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အစားအသောက်

ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အလုပ်အကိုင်

ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ၀ိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြ ပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။

ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူ ဖမ်းဆီးကြ ပါသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။ သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း

ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။

သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ၀ိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေ ပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။

ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။

တစ္ဆေကြီးပွဲ

တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀ါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။
ဆက်ဖတ်ရန်>>>

စစ်ကိုင်းတံတား(အင်းဝတံတား) poem

စစ်ကိုင်းတံတား(အင်းဝတံတား)
စစ်ကိုင်းတံတားကို ဆုံးအောင်စစ်ပြန်တော့
သုံးထောင်နဲ့ ရှစ်ရာ့ခြောက်ဆယ်ပေ
မီးရထားလမ်းအကျယ်အဝေးအနေမှာ
နှစ်ဆယ့်လေးပေ မပိုမစား
မော်တော်ကားလမ်း အမြှောင်ဆွယ်ကာရယ်
လူသွား ခုနှစ်ပေထား
အုတ်တိုင်ကြီးများ အကွက်သွားမြိုင်တယ်
တစ်ဆယ့်နှင့် ငါးတိုင် တန်းစဉ်ထား
ခုံးပေါင်းတစ်ဆယ် လမ်းဖွင့်ထား၍
အခန်းတစ်ဒါဇင် အားရှိစေသည်
ကုန်စရိတ်တွေ အခုငွေသင့်ပြန်တော့
တစ်ကုဋ္ဋေနှင့် ငါးသန်းကျော်လေပြီ
ရေမှမြင့် တွေးဖွယ်မျှော်လျင်
လေးဆယ်ကျော် ငါးပေစွန်း၍
တံတားညွှန်းရေးဖွဲ့ပါသည်
စောနွဲ့ကဗျာစီ
နန်းတော်ရှေ့ တစ်နာမည်မှာ
မြန်မာပြည်ချစ်ကြောင်းသာပါ့လေး။
နန်းတော်ရှေ့ဆရာတင်
ဆက်ဖတ်ရန်>>>

သဲပုံစေတီတ​ည်ထား ကိုးကွယ်ရြ​ခင်းအကြောင်း

သဲပုံစေတီတည်ထား ကိုးကွယ်ရခြင်းအကြောင်း

ရေးသူ အမည်မသိသေး





မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် တပေါင်းလပြည့်နေ့ကို ရှေးမြန်မာဘုရင်များလက်ထက်က သဲပုံစေတီပွဲတော်အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြလေ၏ ။ မြန်မာဘုရင်များ မရှိကြတော့သည့်နောက်ပိုင်းတွင် တပေါင်းလပြည့်နေ့တွင် ထိုသဲပုံစေတီပွဲတော်များအစား ဘုရားပွဲတော်များအစားထိုးလာခဲ့ကြ၏။ ထိုတပေါင်းလပြည့်နေ့တွင် ကျင်းပသော ဘုရားပွဲတော်များကို တပေါင်းပွဲတော်ဟု ခေါ်စမှတ်ပြုလာ...ကြ၏။



သာဓကပြုရလျှင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီမြတ်ကြီး၌ တပေါင်းလပြည့်နေ့ပွဲတော် ကြက်ပျံမကျ အလွန်တရာစည်ကားသိုက်မြိုက်စွာ မြန်မာဗုဒ္ဓဘာသာဝင်တို့ ကျင်းပခဲ့ကြပုံကို စာဆိုတော် နဝဒေး၏ စာများအရ သိနိုင်ပါ၏။ စာဆိုတော်ကြီးက " တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြကုန်၏ ၊ ပည်းပုံများဖြင့်၊ သဘင်နှစ်ကြာင်း၊ လှေပေါင်းလှည်းက၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊ စုံဖူးမကွာ၊ သို့သောခါသည်၊ ဟု ဖွဲ့ဆိုခဲ့၏။ ယခုနှစ်မှာလည်း(၁၃၇၃ ခုနှစ်) ရွှေတိဂုံတပေါင်းပွဲတော်ကို စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း နှစ်၂၆၀၀-တိတိပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြကုန်၏။ သို့သော် တပေါင်းပွဲအစ သဲပုံစေတီက ဟုတော့ ဆိုနိုင်၏။







ယခုနှစ်တွင် စင်္ကာပူက East Coastမှာ စင်္ကာပူရောက်ဗုဒ္ဓဘာသာမြန်မာတို့ တပေါင်းပွဲတော်အစ သဲပုံစေတီကို ကျင်းပခဲ့ကြသည်။ (ဒကာမကြီးဒေါ်ရီ) Reiko Crystal ၏ Facebook မှတဆင့် ကြည်ညိုဖွယ်ရာသဲပုံစေတီကို ဖူးတွေ့မြင်တွေ့ခဲ့ရပါ၏။ ထိုသဲပုံစေတီတော်သည် ၂ ညတာမျှ စင်္ကာပူက East Coastမှာ ကိန်းဝပ်စံပယ်နိုင်ခဲ့သည်ဟု သိရ၏။ စာရေးသူအနေနဲ့ အလွန်လက်ရာမြောက်စွာ တည်ထားသည့် ယင်းသဲပုံစေတီဓာတ်ပုံလေးကြည့်ပြီးတော့ ကြည်ညိုမှုလည်းဖြစ်ခဲ့သလို အများဖတ်ရှု့ရန် သဲပုံစေတီအကြောင်းဆောင်းပါးလေးတစ်ပုဒ် ရေးကာ မျှဝေမည်ဟု စိတ်ကူးဖြစ်ခဲ့၏။ နည်းနည်းအလုပ်မအားလပ်သောကြောင့် အချိန်မီမရေးနိုင်ခဲ့ပေ။ သို့သော် ပိဋကတ်နှင့် မှတ်တမ်းမှတ်ရာလေးများကို လိုက်လံရှာဖွေကာ ဖတ်ဖြစ်၏။ ဒကာမကြီး၏ ဖေ့စဘုတ်မှာလည်း သဲပုံစေတီအကြောင်း ဆောင်းပါးလေးရေးချင်၏။ သို့သော်လည်း မိုးလွန်မှ ထွန်ချသလိုမျိုးဖြစ်နေပြီ ဆိုတဲ့အကြောင်းကို မှတ်ချက်ပေးထားခဲ့၏။ ဒကာမကြီးကတော့ (Reiko wrote: ) "မလွန်ပါဘူးဘုရား။ တပည့်တော်တို့ ကုသိုလ်တွေ မမေ့အောင်၊ ထပ်ထပ်ပွားမိအောင် အာသေဝန ပစ္စည်းရတာပေါ့ဘုရား။ ဟု ပြန်လည်လျှောက်ထားခဲ့သောကြောင့် ဤဆောင်းပါးလေး စွမ်းနိုင်သမျှရေးသားရခြင်းဖြစ်ပါသည်။ ဒကာမကြီး၏ Facebook မှ သဲပုံစေတီဓာတ်ပုံအတွက် မှတ်ချက်လေးများကို တွေ့ရ၏။ ထိုမှတ်ချက်များထဲမှ Ashin Visarada ၏ မှတ်ချက်လေးနှင့် စာရေးသူ၏ ဤဆောင်းပါးလေးကို စလိုက်ချင်ပါသည်။ သဲပုံစေတီ၊ ရှုမအီဘူး၊ ကြည်နူးဖွယ်ပုံ၊ ရေမီးစုံနှင့်၊ ပန်းပုံခြယ်သ၊ သစ်သီးလှနှင့်၊ ကြည်စွကော်ရော်၊ ရှိပူဇော်သည်၊ ဂုဏ်တော်ဗုဒ္ဓ မှန်း၍တည်း။ ယင်းသဲပုံစေတီလေးကို ရေမီးအစုံ သစ်စီးဝလံပန်းမျိုးစုံတို့ဖြင့် ကြည်နူးဖွယ်ရာ ဆင်ယင်ကျင်းပကြသည်ကို တွေ့ရပါ၏။



ဤကဲ့သို့သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၎ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။







ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည်ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဥ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။







သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊



သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။



အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဥ့်နံနက်၊ ကတဉ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်းသုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ- ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ်အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။



ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။



သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက 'ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။



သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။







ထူပဿ ပရိစိဏ္ဏတ္တာ၊ ရဇောဇလ္လံ န လိမ္ပတိ။



ဂတ္တေ သေဒါ န မုစ္စ န္တိ ၊ သပဘာသော ဘဝါမဟံ။



ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့်များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိခြင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက် ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင့် အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။



ဗုဒ္ဓစာပေမှာ (၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊ (၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊ (၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း (၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။



တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။



စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။(ဓမ္မပဒ)



သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုတော် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူသောအကြောင်းကြောင့် သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါတို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြလေ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင့် သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အပေါ် ကြည်ညိုစိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။



သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။



လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ်တော်ရှု့။



စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။
ဆက်ဖတ်ရန်>>>

အချစ် …. ….. ဘဝ

တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့


မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း

တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး

ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။



ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့

ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ

ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။

ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်

တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ

ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့

အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း

သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့

ပြောပြခဲ့တယ်။



တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့

မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း

တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့

အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။



သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်

ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့

အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့

ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။



“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်ပဲ

ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း

မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ

ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ

ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်တော့ ဆိုကရေးတီးက “အဲတာ

လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။



တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့

မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက်

လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်

လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို

ယူခိုင်းစေခဲ့တယ်။



ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ

နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့

ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။



“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့ “၂နာရီနီးပါး

ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး

ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့

ပြောတော့ ဆိုကရေးတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။



တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။

ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး

သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။



သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက်

သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့

တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။



“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို

ထိုးပြပြီး “ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။



“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”



“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ

သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို

ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။

ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”



“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေးတီးက

ပလေတိုကို ပြောခဲ့တယ်။



နိုင်းနိုင်းစနေ ဘာသာပြန်သည်။



ဆက်ဖတ်ရန်>>>

သိပေမဲ့ သိပ်သတိမပြုမိတာလေးတွေ ပြောမယ်နော် !!!



၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့….

.



၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား…..



၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..



၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်



၅။ခြင်မှာလည်းသွားရှိတယ်ဗျ



၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း



၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ



၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်…ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)

ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့



၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး



၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁



၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)



၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ



၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ



၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ 

အိပ်ခန်းတဲ့..



၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို

ကိုယ်စားပြုပါတယ်တဲ့



Spades:King David

Clubs:Alexander The Great

Hearts:Charlemagne

Diamonds:Julius Cesar



၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်

(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်

သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး

မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့

(ကဲ…ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)

(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)



၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ

ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့… သူတို့ဟာ

ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ…အဲဒီခွင့်ပြုချက်ကို

အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့…

ဟီးဟီး..တစ်မျိုးပဲနော်

အဲဒီ Plague ကတော့ဒီလိုလေးပါ… “Fornication Under Consent of the King” (fuck)

(ရိုင်းတယ်လို့မထင်စေချင်ပါ… သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ…)



၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို

ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့…. ဒေသခံ သြစတေးလျန်းတွေက “Kan Ghu Ru”

လို့ဖြေကြပါတယ်

ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို “Kangaroo” လို့

ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “We

don”t understand you ” ပါတဲ့ဗျား..



၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး



၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ

ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် ” 0 killed”

လို့ရေးပြီးပြန်လာကြပါတယ်တဲ့….အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့

“OK “ဆိုတာ ဖြစ်လာတာပါ..



ကဲ..ဒီလောက်ပါပဲ.. နောက်များမှ..အားတဲ့အချိန် တင်ဆက်ပေးပါအုံးမယ်..

သြော်..ပြောစရာကျန်ခဲ့သေးတယ် ဒီစာကိုဖတ်တဲ့ သူ ၈၀% က ကိုယ့်တံတောင်ဆစ်ကို

ကိုယ့်လျှာနဲ့ကိုယ် လျက်ကြတယ်ဗျား…. ဟုတ်ရဲ့လား…



ဆက်ဖတ်ရန်>>>

ခေါင်းစားရအောင် . .

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science


ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။



မေးခွန်းက အကယ်၍

၁= ၅

၂= ၂၅

၃= ၁၂၅

၎= ၆၂၅

၅= ?



လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်…

ကျွန်တော်တို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။



<



ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။

ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။

၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။

စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?



က) ၀ လုံး

ခ) ၁၅ လုံး

ဂ) ၂၀ လုံး

ဃ) ၂၁ လုံး

င) ၂၂ လုံး



အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ ရုံးပိတ်ရက်လေးမှာ

ပျော်ပျော်ပါးပါး အပျင်းပြေပေါ့…း)

Answer…??????



ဥာဏ်စမ်း



တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။

ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက

ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို

သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့

ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း

ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ

ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။



အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို

ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက

ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ… ?



ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ… ပျော်စရာလည်း ကောင်းပါတယ်။



စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။

*တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ

ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don’t think too much.း)

Answer 1.*



၁= ၅ ဆိုတော့

အဖြေက *၅ = ၁* ပါတဲ့



လွယ်လွန်းတဲ့အတွက် လူကိုဒွိဟဖြစ်စေတဲ့ မေးခွန်းလေးပါ။ ၀င်ဖြေသူများ

ကျေးဇူးတင်ပါတယ်.. ဟားဗတ်သွားကြရအောင်…



*Answer 2.*



ဘင်းဂို…… အဖြေက *(၂၂)လုံး* ဖြစ်ပါတယ်။



၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က =* ၁၅ လုံး*

အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့…..= *၅လုံး*

ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = *၁လုံး*

ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် *၁

လုံး*ထပ်ရတယ်။

စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..

း) အလုံး(၂၀) ဖြေသူတွေ၊ (၂၁)လုံး ဖြေသူတွေလဲ မှန်ပါတယ်။ ဘာလို့လဲဆိုတော့

သူတို့ရဲ့သွားက ပိုးစားနေလို့ လျှော့စားလိုက်တာတဲ့း) အခွံကို လွှင့်မပစ်ဘဲ

ပြန်လဲစားကြတဲ့အတွက် အားလုံးက လူတော်တွေပါပဲ။ ၀င်ရောက်ဖြေဆိုကြတဲ့အတွက်

ကျေးဇူးတင်ပါတယ်။ နောင်နောက် လူချင်းကြုံခဲ့ရင် ချိုချဉ်လေးတွေ ကျွေးပါ့မယ်း)



*Answer 3.*

ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့

ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ

မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။



မေးခွန်း***



၁။ အေးတဲ့အချိန်မှာ စကားပြောရင် ပါးစပ်က အငွေ့တွေ ထွက်ပါတယ်။ ဒါပေမယ့်

အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာ စကားပြောရင် ပါးစပ်က အငွေ့မထွက်တာ

ဘာကြောင့်ပါလဲ?



၂။ မီးပွိုင့်မီးတွေက အလျှားလိုက်ရှိရာက တချို့နေရာတွေမှာ

ဒေါင်လိုက်မီးပွိုင့်မီးတွေ တွေ့ရပါတယ်။ အဲလို ဒေါင်လိုက်မီးပွိုင့်မီးကို

သုံးရတဲ့အကြောင်းအရင်းက ဘာပါလဲ?



၃။ အခု ကမ္ဘာတလွှားမှာ လူကြိုက်များတဲ့ jigsaw puzzle ကစားနည်းက 1760ခုနှစ်

ပတ်ဝန်းကျင်လောက်မှာ ဥရောပမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲဒီကာလမှာ jigsaw

puzzleကို တီထွင်သူက ရည်ရွယ်ချက်တခုအတွက် jigsaw puzzleကို

မူကြိုကျောင်းသုံးအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်က ဘာပါလဲ?



၎။ အမျိုးသမီးလေးတွေ ဖြစ်ချင်ကြတဲ့ လေယာဉ်မယ်က 1930ခုနှစ်လောက်မှာ

အနောက်နိုင်ငံက စတင်ခဲ့ပါတယ်။ အဲဒီအချိန်က လေယာဉ်မယ်ဖြစ်ဖို့အတွက်

အရည်အချင်းတွေက (၁) အသက် ၂၅နှစ်အောက်လူလွတ်ဖြစ်ရပါမယ်။ (၂) ကိုယ်အလေးချိန်

၅၂ကီလိုအောက် ရှိရပါမယ်။ (၃) အရပ်အမြင့် ၁၆၀စင်တီမီတာအထက် ရှိရမယ့်အပြင်

နောက်အရေးကြီးတဲ့ တစ်ချက်ကျန်ပါတယ်။ အဲဒါဘာပါလဲ? (ခုနောက်ပိုင်းတော့

အဲဒီကန့်သတ်မှုမရှိတော့ပါဘူး။)



၅။ လူသားတွေရဲ့ ဆံပင်က အဖိုးတန်ပစ္စည်းတစ်မျိုးထွက်ပါ



တယ်။ အဲဒါဘာပါလဲ?



၆။ pet bottle ဆိုတဲ့ (ရေသန့်ပုလင်းလိုမျိုး) ပလတ်စတစ်ပုလင်းရဲ့

ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင် ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းက

ကျန်ခဲ့ပါတယ်။ အဲဒီကော်အကွင်းထားရခြင်းရဲ့ အကြောင်းက ဘာပါလဲ?



၇။ pet bottle နဲ့ ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခုပါ။ pet bottle တွေရဲ့

ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းတွေ ရှိပါတယ်။

ဘာကြောင့်ပါလဲ?



၈။ ရေခဲခြစ်ဗူး (ဒီမှာ မြန်မာပြည်မှာလို ရေခဲခြစ်ရတယ်။ ရေခဲကိုခြစ်၊

အချိုရည်ဆမ်းပြီးသား ready madeဗူး) မှာ တခြားဗူးတွေနဲ့မတူတာက

ပလတ်စတစ်ဗူးဘေးပတ်ချာလည်မှာ အတွန့်လေးတွေပါနေတာပါ။ ဘာကြောင့်

အတွန့်တွေထည့်ထားရတာပါလဲ?



၉။ ဂျပန်နိုင်ငံရဲ့ ကျွန်းပိစိကွေးတွေက ရွာတွေတိုင်းမှာ မီးပွိုင့်တစ်ခု

အမြဲရှိပါတယ်။ ဒီလိုကျွန်းရွာမျိုး ဂျပန်မှာ ၅၀ကျော် ရှိပါတယ်။ ဒီလို

ခေါင်ဖျားတဲ့ ကျွန်းရွာတွေမှာ ယာဉ်သွားယာဉ်လာ သိပ်မရှိပါဘဲ

မီးပွိုင့်တစ်ခုရှိတာ ဘာကြောင့်ပါလဲ?



၁၀။ မမတွေ ညီမတွေ ပဲများပြီးစီးကြတဲ့ pencil heel လို ဒေါက်မြင့်ဖိနပ်တွေ

ပေါ်လာရခြင်း အကြောင်းက ဘာပါလဲ?



အဖြေ***



၁။ အေးတဲ့အချိန်မှာ စကားပြောရင်ပါးစပ်က အငွေ့ထွက်တာမြင်ရတာက ကိုယ့်ခံတွင်းက

ထွက်လာတဲ့လေပူနဲ့ အေးမြတဲ့ ပတ်ဝန်းကျင်လေထုထဲမှာလွင့်နေတဲ့

ဖုန်အမှုန်တွေနဲ့ရောသွားတာကြောင့်ပါ။ မြောက်ဝင်ရိုးစွန်းဒေသက လေထုက

သန့်စင်တာကြောင့် အမှုန်တွေရှိမနေပါဘူး။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းမှာ

စကားပြောရင် ပါးစပ်က အငွေ့မမြင်ရတာပါ။



၂။ ဒေါင်လိုက်မီးပွိုင့်မီးတွေကို နှင်းကျတဲ့နေရာတွေမှာ အသုံးများပါတယ်။

အလျှားလိုက်မီးပွိုင့်က နှင်းအရမ်းကျရင် နီ၊ဝါ၊စိမ်း မီးအားလုံး

နှင်းဖတ်တွေနဲ့ဖုံးကုန်လို့ အချက်ပြမီး ဘာအရောင်ဆိုတာ မမြင်ရတော့ပါဘူး။

ဒေါင်လိုက်မီးပွိုင့်မီးက နှင်းကျရင်တောင် အပေါ်ဆုံး မီးအနီရဲ့

ခေါင်မိုးပေါ်မှာသာ အများဆုံးဖုံးတာမို့ မီးတွေကို ကောင်းကောင်းမြင်နိုင်ပါတယ်။

ဒါကြောင့် နှင်းကျတဲ့ဒေသမှာ ယာဉ်တိုက်မှုက ကာကွယ်ဖို့အတွက်

ဒေါင်လိုက်မီးပွိုင့်မီးတွေကို သုံးပါတယ်။



၃။ jigsaw puzzle တီထွင်တဲ့ရည်ရွယ်ချက်က ကလေးတွေကို ကိုယ့်တိုင်းပြည်ရဲ့

ပုံသဏ္ဍာန်နဲ့ နယ်နိမိတ်ကို သိစေဖို့ပါ။ ဒီအတိုင်းသင်တာထက် ပုံတွေနဲ့

ဉာဏ်စမ်းလုပ်ပြီးသင်တော့ ကလေးတွေ စိတ်ဝင်စားမှုပိုရလို့ပါ။ နောက်ပိုင်း

လူကြိုက်များလာပြီး ပြင်ပအထိ ကျယ်ပြန့်သွားခဲ့တာပါ။



၎။ အဲဒီခေတ်က လေယာဉ်နဲ့ခရီးသွားသူတွေ လေထုဖိအား အပြောင်းအလဲကြောင့်

နေထိုင်မကောင်းဖြစ်ရင် ပြုစုဖို့အတွက် လေယာဉ်မယ်တွေကို မေးခွန်းပါ

အချက်(၃)ချက်အပြင် အဓိကအနေနဲ့ သူနာပြုဖြစ်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။



၅။ လူသားတွေရဲ့ ဆံပင်မှာ စိန်မှာအဓိကပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါပါတယ်။

ဆံပင်ကို တခြား chemical တွေနဲ့ ရောပြီး ဓာတ်ပြုလိုက်ရင် ဆံပင် တစ်ဂရမ်ကို

စိန်တစ်ကာရက် ရပါတယ်။ ဒါပေမယ့် ဓာတ်ပြုမှု အဆင့်ဆင့် ပြုလုပ်ရတာကြောင့်ရယ်

အချိန်ကြာတာကြောင့်ရယ် လက်ရှိမှာတော့ တွင်တွင်ကျယ်ကျယ် မပြုလုပ်ကြပါဘူး။

(လွယ်များလွယ်လွယ် လုပ်လို့ရရင်ဖြင့် မတွေးရဲစရာ။)



၆။ pet bottle ဆိုတဲ့ ပလတ်စတစ်ပုလင်းရဲ့ ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင်

ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းကျန်အောင်လုပ်ထားတာက တကယ်လို့ ပုလင်းကို

ဖွင့်ထားပြီးသားဆိုရင် ဖွင့်ပြီးကြောင်း သိစေရန်ပါ။ ဒီအတိုင်းဆို

ဖွင့်ထားမှန်း၊ အသစ်မှန်း မသိနိုင်တဲ့အတွက် စားသုံးသူတွေ

အနောက်အပြောင်ခံရခြင်းမှ (အတွင်းက ပစ္စည်းကို ခိုးသုံးထားခြင်းမှ)

ကာကွယ်ရန်အတွက်ပါ။



၇။ ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းရှိတဲ့ pet

bottle နဲ့ မရှိတဲ့ pet bottle ကို စမ်းသပ်ပြပါတယ်။ pepsi cola လို

ဂတ်စ်တွေပါတဲ့ ပုလင်းကိုဖွင့်ရင် ဒေါင်လိုက်လိုင်းရှိတဲ့ pet bottleက

ဖွင့်နေရင်းနဲ့ လိုင်းကြားကနေ ဂတ်စ်က ဖြည်းဖြည်းချင်းစိမ့်ထွက်လို့

ပုလင်းဖွင့်ပြီးသွားရင် အမြှုပ်တွေ တအားမှောက်မကျပါဘူး။

ဒေါင်လိုက်လိုင်းမရှိတဲ့ pet bottleက ပုလင်းအဖုံးအားလုံးဖွင့်ပြီးမှ အထဲက

ဂတ်စ်က အရှိန်နဲ့ကန်ထွက်လို့ အမြှုပ်တွေ အများကြီး မှောက်ကျပါတယ်။ ဒါကြောင့်

ပုလင်းအတွင်း ဖိအားများနေရင် ဖွင့်နေရင်းအရှိန်နဲ့ ကန်မထွက်အောင်၊ ဖိအားကို

စိမ့်ထွက်စေခြင်းဖြင့် ဖြည်းဖြည်းခြင်းလျှော့ချရန်အတွက်

ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းထည့်တာပါ။



၈။ ရေခဲခြစ်စားရင် စားမကုန်ခင် ဘေးပတ်ချာလည်က တဖြည်းဖြည်း အရည်ပျော်လာပါတယ်။

ဗြောင်ဘူးကိုသုံးရင် အလယ်က ရေခဲခြစ်က ခပ်တိုင်းချာချာလည်နေလို့ ခပ်ရခက်ပါတယ်။

ဘေးပတ်ချာလည်မှာ အတွန့်တွေပါရင် အတွန့်တွေကြား ရေခဲခြစ်က ထစ်ပြီး ဗြောင်ဗူးလို

သိပ်မလည်တဲ့အတွက်ကြောင့်ပါ။



၉။ ယာဉ်သွားယာဉ်လာ သိပ်မရှိတဲ့ ခေါင်ဖျားဖျားရွာတွေမှာ

မီးပွိုင့်တစ်ခုရှိရခြင်းက ကလေးသူငယ်တွေ ငယ်ငယ်ကတည်းက မီးပွိုင့်ဆိုတာ

ရင်းနှီးအောင်ပါ။ တော်ကြာ မီးပွိုင့်ကိုမမြင်ဖူးတော့

ယာဉ်စည်းကမ်းလမ်းစည်းကမ်းနားမလည်ဘဲ မြို့ပေါ်ရောက်လာရင် ဒုက္ခတွေ့မှာစိုးလို့ပါ။

(ဒေါ်ဂွက်ထော်နဲ့ ကလေးနှစ်ယောက် မြို့ရောက်သလို)



၁၀။ ဥရောပလိုနိုင်ငံ (နိုင်ငံအသေချာမမှတ်မိပါ)မှာ ဟိုးအရင်က ခွေးလေခွေးလွင့်တွေ

အရမ်းများပါတယ်။ လမ်းပေါ်မှာ ခွေးအီအီးတွေ သိပ်ပေါပါတယ်။ လမ်းက

ချိုင့်ခွက်တွေနဲ့ ရေအိုင်တွေလည်း များတယ်။ အဲဒီခေတ်က ကြိမ်ခွေနဲ့

ဂါဝန်ဖားဖားကြီးတွေ ဝတ်ကြတာဆိုတော့ လမ်းသွားလို့ ရေအိုင်ရှောင်ရင်း

ခွေးအီအီးတွေ ဂါဝန်အဖျားမှာ ပေကုန်တယ်။ ချေဖျားထောက်သွားရင် လွတ်တာမို့

ဖိနပ်ကို မြင့်သထက်မြင့်အောင် တီထွင်ကြရင်း pencil heelလို ဒေါက်မြင့်ဖိနပ်တွေ

ပေါ်လာတာပါ။



ဆက်ဖတ်ရန်>>>

ယောက်ျားတို့ရဲ့ အချစ်………

နိဒါန်း လစ်ဟာနေသော ကွက်လပ်တစ်ခုကို ဖြည့်သည့်အနေဖြင့် လူမှုရေး ကိစ္စများအတွက် အခမဲ့ အတိုင်ပင်ခံအဖြစ် သရဖူမဂ္ဂဇင်းမှတစ်ဆင့် ကမ်းလှမ်း ဆောင်ရွက်ပေးနေခဲ့သည်မှာ တစ်နှစ်ပင်ကျော်ခဲ့ပါပြီ။ ထိုတစ်နှစ်အတွင်း ရောက်ရှိလာသူအများစုမှာ အိမ်ထောင်ရေး ဒုက္ခသည်များသာ ဖြစ်လေသည်။ မိဘနှင့် အဆင်မပြေသဖြင့် ကျွန်တော့်ထံ လာရောက်ဆွေးနွေးသည့် လူငယ်လူရွယ်ဟူ၍ မှတ်မှတ်ရရ နှစ်ဦး သာ ကြုံဖူးပါသေးသည်။ ထိုနည်းတူစွာ လာရောက် ဆွေးနွေးသူများထဲတွင် အမျိုးသားအရေအတွက်ကလည်း နှစ်ဦးမျှသာ ရှိပါသေးသည်။ အမျိုးသမီးအရေအတွက်ကမူ ဆိုခဲ့သည့် တစ်နှစ်တာအတွင်းတွင် ၆၀ ကျော်၊ ၇၀နားသို့ ရောက်ခဲ့ပါလေပြီ။ ထိုအရေအတွက်အားလုံးမှာ ဆိုခဲ့သည့်အတိုင်း အိမ်ထောင်ရေး ဒုက္ခသည်များသာဖြစ်လေသည်။ ထို့ထက်ပိုပြီး အသေးစိတ်စိတ်နှင့် ကဗျာဆန်ဆန် ပြောရသော် “ချစ်ဒုက္ခသည်”များဟုပင် ကင်ပွန်းတပ်ချင်လှပါသည်။ ကျွန်တော့်အားလာရောက်ဆွေးနွေးသူများမှာ အသက်၂၀ဝန်းကျင် မှ ၅၀ကျော်အရွယ်အထိ အရွယ်စုံ ပါဝင်ပြီး အလွှာပေါင်းစုံမှ လူတန်းစား ပေါင်းစုံလည်း ပါဝင်နေပါသည်။ အရွယ် အဘယ်မျှ ခြားခြား၊ အလွှာ အဘယ်မျှ ပြားပြား၊ အားလုံးမှာ တူညီလှသောအချက်ကတော့ ယောက်ျားတို့၏ အချစ်ကို ဘယ်လိုမှ နားမလည်ကြခြင်းသာဖြစ်ပါလေသည်။ ထို့ကြောင့် ယခုတစ်ပတ်တွင်တော့ ယောက်ျားတို့၏ အချစ်ကို ကျကျနန ဝိတ္တာရ ချဲ့ပြရန် စိတ်ကူးလိုက်မိပါသည်။ ကျွန်တော်သိတဲ့ အချစ် ————————- ဘာကိုမှမပြောခင် အချစ်နှင့် ပတ်သက်ပြီး ကျွန်တော့် ရှုမြင်သုံးသပ်ပုံကို အရင်ဦးဆုံး တင်ပြလိုပါသည်။ ထို “အချစ်”ဆိုသောအရာကို မည်သူမျှ ခိုင်လုံ တိကျသော အနက် မဖွင့်ဆိုနိုင်သေးတာက သေချာလှပါသည်။ ဆင်ဆိုသည်မှာ နံရံကြီးပါတကားဟု ဆိုသလိုပင် အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းပါဟုဆိုသူ က ဆို၊ ရယူပိုင်ဆိုင်ခြင်းဟု ပြောသူက ပြော၊ ခွင့်လွှတ်ခြင်းဟု ဖွင့်သူက ဖွင့်နေကြသည် မှန်သော်လည်း အများ သဘောတူ တစ်ညီတစ်ညွှတ်တည်း ဖွင့်ဆိုထားသော အနက်မျိုးကို ဘယ်မှာမှ မတွေ့နိုင်သည်မှာလည်း အမှန်ဖြစ်ပါသည်။ သို့သော် ထို“အချစ်”သည် အလွန် စီးပွားဖြစ်သည်မှာကား သေချာ လှပါသည်။ ခေတ်အဆက်ဆက်တွင် အောင်မြင်သော စာပေ၊ ဝတ္ထု၊ ကဗျာ၊ သီချင်း၊ ဇာတ်၊ ရုပ်ရှင်၊ ဗီဒီယိုအားလုံးသည် အဆိုပါဘယ်သူမှ ကျကျနနမသိလှသော “ရွှေအချစ်”ကို ခုတုံး လုပ်ထားကြသည်များသာ ဖြစ်လေသည်။ ထိုသို့ ခုတုံးလုပ်ကြရာတွင်လည်း အနုပညာ မမြောက် မြောက်အောင် အလင်္ကာတန်ဆာများကိုလည်း နင်းခွပြီး ဆင်ပေးလိုက်ကြပြန်ရာ ဘာမှ မသိသေးသူ လူငယ်လူရွယ်များအဖို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလိုမှ မချစ်ပြတတ်လျှင် ယခုပင် ဆန့်ငင်ဆန့်ငင်နှင့် သေပွဲဝင်ရတော့မလောက် အောက်မေ့ကုန်ကြလေတော့သည်။ တစ်ခေတ်ဆီက အောင်မြင်ထင်ရှားခဲ့သော “ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ”ဆိုသော သီချင်းကြောင့် အရွယ်မတိုင်ခင် လင်နောက် လိုက်ပြေးသူ မိန်းကလေးပေါင်း အများအပြား ရှိခဲ့ပါသည်ဟု တစ်နေရာတွင် ဖတ်ခဲ့ဖူးပါသည်။ ကျွန်တော်တို့ကိုယ်တိုင်ပင်လျှင် ဝင်းဦး၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်မောင်မြင့်လွင်၊ ငြိမ်းကျော်၊ ကာတွန်းမြင့်သိန်းစသူတို့၏ဝတ္ထုများ၊ ရုပ်ပြ ဇာတ်လမ်းများကြောင့် ၁၃-၄နှစ်အရွယ်မှ စတင်ကာ တော်တော်လေး အသက်ရသည်အထိ ထိုအချစ်ဆိုသော ဘာမှန်းမသိသည့် အရာကြီးကို အဟုတ် မှတ်ခဲ့ဖူးပါသည်၊ အထင်ကြီးခဲ့ဖူးပါသည်၊ ကိုးကွယ်ခဲ့ဖူးပါသည်။ အလားတူပင် ရိုမီယိုနှင့်ဂျူလိယက်လို ဇာတ်လမ်းမျိုး၊ ရှင်မွေ့ နွမ်းနှင့်မင်းနန္ဒာလို ဇာတ်လမ်းမျိုးတွေကလည်း ကျွန်တော်တို့တွေမှာ အချစ်အတွက်ဖြင့် အသက်ပင်စွန့်ချင်စိတ်တွေပေါက်အောင် လှုံ့ဆော် နှိုးဆွခဲ့ပြန်သည်။ ထိုသို့ဖြင့် ၄၅နှစ်တာခရီးကို နီးကပ်လာပြီဖြစ်သော ကျွန်တော့်ဘဝသက်တမ်း၏ အစိတ်အပိုင်းအတော်များများ၊ အတိအကျဆိုရလျှင် ၃၂နှစ်နီးပါး အတွင်းတွင် အနှီစာများ၊ တေးသီချင်းများ၊ ကဗျာဝတ္ထုများနှင့် မနီးရိုးစွဲ သည်းသည်းမည်းမည်း ချစ်ခဲ့ဖူးသည့် အကြိမ်အရေအတွက်မှာ ၃၂ကြိမ်ထက် မနည်းပါ။ ထိုအနေအထားတွင် အချစ်ကို မည်သို့ ခံယူ နားလည်ပါသနည်းဟု အကြင်သူတစ်ဦးတစ်ယောက်က ကျွန်တော့်အားမေးလာပါလျှင် အဖြေ အသင့် ရှိပါသည်။ (၁) အလွန်ရူးလို့ကောင်းသော ခံစားမှု (၂) အမှန်အမှား ခွဲခြားနိုင်စွမ်း (ဝါ) ဆင်ခြင်တုံတရား ကင်းသွားစေတတ်သော ခံစားမှု (၃) (ကျွန်တော့်အတွက်ဖြင့်) အလွန်ဆုံးမှ တစ်နှစ်လောက်သာ တာရှည်ခံသော ခံစားမှု ဟူ၍ပင် ပြတ်သားတိကျစွာဖြေလိုက်ချင်ပါသည်။ သို့ဖြစ်ပါက အချစ်ကို ယုံကြည်ပါသလားဟု မေးလာပါကလည်း လုံးဝဥဿုံ မယုံကြည်ပါဟုသာ ဖြေလိုက်ပါဦးမည်။ ခံစားမှုတစ်ရပ်အနေနှင့် အလွန် ခံစားလို့ ကောင်းလှသည် မှန်သော်လည်း၊ အနုပညာရှင်တစ်ယောက်သာ ဖြစ်လျှင် အနုပညာပစ္စည်း ထုတ်လုပ် ဖန်တီးရာတွင် အလွန့်အလွန် အသုံးဝင်လှသော ခံစားမှုမျိုးဖြစ်ငြားလည်း လူတစ်ဦးတစ်ယောက်၏ ဘဝကြီးတစ်ခုလုံးအတွက်မူ တစ်စက်ကလေးသော်မှ အသုံးမတည့်၊ အရာမဝင်လှသည့်အပြင် ဘဝကို အချိန်မရွေး နှောင့်ယှက်နိုင်၊ ဖျက်ဆီးပစ်နိုင်သည့် တွန်းအားတစ်ခု အဖြစ်သာ ရိုးသားစွာ မြင်ပါသည်။ ယင်းသို့ ဆိုလိုက်သည့်အတွက် နောင်လွဲနောင်ခါ ထိုသို့မချစ်ဘဲ နေဖြစ်တော့မည်လား၊ အချစ်အား ဝေးဝေး ရှောင်တော့မည်လားဟု မေးလာကြဦးမည် ဆိုလျှင်လည်း ဟင့်အင်းဟုသာ တုံးတိတိ ဖြေမိရပါလေဦးမည်။ အကြောင်းသော်ကား တွေ့ကြုံဆုံကွဲ ဖြစ်မြဲသံသရာတွင် အဖိုနှင့် အမတို့ တွေ့ရ၊ ကြုံရ၊ ဆုံရ၊ ကွဲရတာတွေနှင့် ကြုံဖူးဖန် များလွန်းမက များခဲ့ပြီ ဖြစ်သောကြောင့် ဖွဲတစ်ဆုပ်မက ဆန်အိတ်ပင် ထမ်းနိုင်နေဆဲ ပုထုဇဉ် လူယောက်ျားတစ်ဦးအနေဖြင့် အနာဂတ်အတွက် ကတိပဋိဉာဉ် မပြုရဲသောကြောင့်ပင်။ သို့သော်… ယခုအနေအထားတွင်ရှိနေသော စိတ်အခြေအနေနှင့်ပင် အနာဂတ်အတွက် ခိုင်ခိုင်မာမာပြောရဲသည်ကား အချစ်ကို ခံစားမိကောင်း ခံစားဖြစ်ဦးမည် ဖြစ်သည့်တိုင် ကျွန်တော့် စီးပွားရေးဘဝ၊ လူမှုရေးဘဝနှင့် အိမ်ထောင်ရေးဘဝကို အပွန်းအပဲ့မခံရလေအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားမိမည့်အချက်ကိုပင် ဖြစ်လေသည်။ ယောက်ျားတစ်ယောက်ရဲ့အချစ် ——————————– ကျွန်တော်သည် ယောကျာ်းတစ်ယောက်သာ ဖြစ်သဖြင့် ယောကျာ်း တစ်ယောက်အနေနှင့် ခံစားရသော အချစ်အကြောင်းကိုသာ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါသည်၊ ပြောတတ်ပါသည်၊ ပြောရဲပါသည်။ မိန်းမသားတို့၏အချစ်ကိုမူ နားလည်း မလည်ပါ၊ ပြောလည်း မပြောနိုင်ပါ၊ ပြောလည်း မပြောရဲပါ။ ပညာရပ်သဘောအရ ကျားနှင့်မတို့သည် ဦးနှောက်၏ဝဲခြမ်း၊ ယာခြမ်းကို စိုက်ထုတ် သုံးစွဲပုံချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ ယင်းသို့ ဆန့်ကျင်နေသည့်အတွက် အရာရာတွင်လည်း မိန်းမသားတို့၏ ရှုမြင် သုံးသပ်ပုံ၊ ကိုင်တွယ် ဖြေရှင်းပုံများမှာလည်း ကွဲပြားနေတတ်ပါသည်။ ထိုအရာရာတွင် အချစ်လည်းပါပါသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း မိန်းမသားများစွာနှင့် ရင်းနှီးခဲ့ဖူးသူတစ်ယောက်ပင် ဖြစ်လင့်ကစား ကျွန်တော်ကား မိန်းမသားများ ၏နှလုံးသားကို မည်သို့မျှ နားလည်နိုင်စွမ်း မရှိပါကြောင်း တင်ကြို ဝန်ခံထားလိုပါသည်။ ဆက်လက်တင်ပြသွားမည့် အချစ်အကြောင်းမှာ ယောက်ျားတစ်ယောက်၏ အမြင်၊ ယောက်ျားတစ်ယောက်၏ ခံစားမှု သက်သက်သာ ဖြစ်ပြီး ယောက်ျား အများစုတွင် ဖြစ်ပေါ်တတ်မြဲ အချစ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မည်။ သို့ရာတွင် ယင်းအချစ်သည် မိန်းမသားတို့၏ နှလုံးအိမ်တွင် ခိုဝင်ရစ်ဝဲ နှောင်တဲ ပေါ်ဖြစ်တတ်သော အချစ်နှင့် လားလားမျှ မဆိုင်ဟု စာဖတ်သူများ နားလည်ထားစေလိုပါသည်။ တစ်ဖန်၊ မိန်းမသားတို့၏ အချစ်ကို မိန်းမသားတစ်ဦးဦးက ရေးမှသာလည်း သဘာဝကျနိုင်၊ အဆီအငေါ် တည့်နိုင်ပါလိမ့်မည်။ တင်ပြရခြင်းအကြောင်းရင်းမှာမူ နိဒါန်းတွင် ဖော်ပြခဲ့သည့်အတိုင်း မိန်းမသားများက ယောကျာ်းများ၏ အချစ်ကို သူတို့၏ အချစ်နှင့် နှိုင်းဆကာ အထင်ကြီးမိ၊ ယုံစားမိ၊ ပုံအပ်မိတတ်ကြသော သဘောကို မျက်ဝါး ထင်ထင် မြင်လာရသောအခါ ကျားတို့၏ အချစ်ကား သည်သို့ပါလားဟု ရှင်းရှင်း ပြတ်ပြတ်မြင်စေ့ချင်သော စေတနာက နိုးလာသောကြောင့်ပင် ဖြစ်ပါသည်။ ကိုင်း… တစ်ချက်ချင်း အမှတ်စဉ်ထိုးပြီး ပြောပါတော့မည်။ ၁။ ယောကျာ်းတို့၏အချစ်သည် အချိန်ကာလကို ကျော်လွှားနိုင်ခြင်း မရှိပါ။ ဆိုလိုသည်မှာ ယောကျာ်းတို့၏အချစ်သည် ရေရှည်မခံပါ။ ရှိတ်စပီးယားက ပြောဖူးပါသည်။ “လူတစ်ယောက်ကို တစ်သက်လုံး ချစ်တယ်လို့ ဆိုတာဟာ ဖယောင်းတိုင် တစ်တိုင်တည်းက ထာဝရ တောက်လောင်နေမယ်လို့ ပြောတာနဲ့အတူတူပါပဲ”ဟူလို။ မည်သည့်ဖယောင်းတိုင်မျှ ထာဝရ တောက်လောင်နိုင်စွမ်း မရှိသည်ကိုသိလျှင် လူတစ်ယောက်က လူတစ်ယောက်ကို တစ်သက်လုံးချစ်သည် ဆိုသော အချက်ကလည်း မဖြစ်နိုင်မှန်း လူတိုင်းသိသင့်ကြပါသည်။ သည်နေရာတွင် ကျွန်တော် ပြောနေသောအချစ်မှာ “ကိလေသာချစ်” ဟုခေါ်သော “ဖိုမချစ်”ကိုသာ ဆိုလိုပါသည်။ အိမ်ထောင်သက် နှစ်ပေါင်း ၅၀မကသော အဘိုးကြီးနှင့် အြွားကြီး တစ်ဦးကို တစ်ဦး ကြင်ကြင်နာနာ၊ ယုယုယယနှင့် ဖေးဖေးမမ ချစ်ခင်ကြသည့်အချစ်မျိုးမှာ ကျွန်တော် ပြောနေသော ကိလေသာချစ်နှင့် လားလားမျှ မဆိုင်ပါ။ ကိလေသာချစ်မှာမူ အလွန် ကောက်ရိုးမီး ဆန်ပါသည်။ ဟုန်းခနဲ ထတောက်ပြီး အလျှံငြီးငြီးနှင့် တစ်သက်လုံး မပြီးနိုင် မစီးနိုင်ဘဲ လောင်နေတော့မလို ထင်တတ်ကြပါသည်။ လက်တွေ့တွင်မူ ခဏနှင့် ငြိမ်းသွားတတ်ပါသည်။ တစ်ခါတစ်ရံ ထိုခဏသည် လနှင့် ချီတတ်ပြီး တစ်ခါတစ်ရံများတွင် နှစ်နှင့်ချီတတ်ပါသည်။ သိုးဆောင်းဘာသာစကားမှာတော့ ထိုစိတ်အနေကို infatuation ဟုခေါ်ပါသည်။ ကျွန်တော်ကတော့ “မွှန်စိတ်” ဟု ဘာသာပြန်ထားပါသည်။ မည်မျှပင် မွှန်မွှန် ထိုမွှန်စိတ်သည် ကြာရှည်တော့ မခံသည်လည်းအမှန်ပင် ဖြစ်ပါသည်။ ကျွန်တော့်အတွေ့အကြုံအရ ပြောရလျှင်မူ အနည်းဆုံး ၃-၄လ၊ အများဆုံး ၁၈လ၊ လ၂၀လောက်သာခံပါသည်။ ၂။ ယောက်ျားတို့၏အချစ်သည် အဆိပ်တက်နေခိုက်တွင် အလွန် အရှိန်ပြင်းလှပါသည်။ ထိုသို့ မွှန်နေချိန်မျိုးတွင်တော့ အချစ်အတွက်ပင် အသက်ဖြင့် သေသေဟုလည်း အော်ကောင်းအော်နေပါမည်၊ ခင့်ကိုမှ မရလျှင်ဖြင့် မောင့်ဘဝကြီး တစ်ခုလုံး ပျက်စီးပါတော့မယ်ခင်ရဲ့ဟုလည်း အလေးအနက် ပြောကောင်း ပြောနေပါလိမ့်မည်။ အချစ်နဲ့စစ်မှာ အားလုံး တရားတယ်ဟုဆိုကာ ခိုးပြေးဖို့၊ ကားတင်ဖို့ ဝန်မလေးသည့် စိတ်အနေအထားမျိုးကိုလည်း ရောက်ကောင်း ရောက်နေပါလိမ့်မည်။ သေချာသည်မှာ ထိုအနေအထားတွင် ထိုသို့ ခံစားနေရသည်မှာ အမှန်လည်း ဖြစ်ပါသည်။ မိန်းမသားများ ယုံကြည်လာစေရန် သက်သက်မဲ့ လုပ်ကြံ လီဆယ်နေသည်မျိုး လုံးလုံးမဟုတ်ပါ။ သို့ရာတွင် ထိုအနေအထားသည် အချိန်ကာလ တစ်ခုသို့ ရောက်လျှင် ဟုတ်ခနဲ ငြိမ်းသွားပြီး ဘယ်လိုမှ ပြန်နိုးထလာလေ့ မရှိတော့မှာလည်း မှန်မှန် မှန်မှန်နှင့် အဖန်ဖန် မြည်နေအောင်ကို မှန်နေပြန်ပါသည်။ အချစ်နှင့်ပတ်သက်လာလျှင် မိန်းမတွေမှာ နှာခေါင်း မပါဟု ဆိုကြသကဲ့သို့ပင် ထိုသို့မွှန်နေခိုက်တွင် ယောက်ျားတို့မှာလည်း နှာခေါင်း မရှိတော့ပါ။ နှာခေါင်းတင်မဟုတ်၊ ဦးနှောက်လည်း မရှိတော့ပါ။ ထိုအချိန်မျိုးမှာ အသိဉာဏ် ဘယ်လောက် ကြီးကြီး၊ ပညာ ဘယ်လောက် တတ်တတ် ထင်ရာစိုင်းဖို့ ဝန်မလေးအောင် ဖြစ်နေတတ်ကြပါသည်။ သို့သော် သေချာသည်ထက် သေချာအောင် ထပ်ပြောလိုပါသည်။ ဟုတ်ကဲ့… မည်မျှပင် ပြင်းပြင်း၊ မည်မျှပင် သန်သန် ထိုအရှိန်ကား ကောက်ရိုးမီးသာ ဖြစ်ပါသည်။ ၃။ ယောက်ျား အတော်များများသည် ရမ္မက်နှင့် အချစ်ကို ရောထွေး ခံစားတတ်ကြပါသည်။ “ခင့်ကိုဖြင့် မောင်တပ်မက်လိုက်တာကွယ်”ဟု အဘယ် ယောကျာ်းသား၏ နှုတ်ကမှ ထွက်လာမည်မဟုတ်ပါ။ သို့မဟုတ် “ခင်နဲ့ဖြင့် ကိုယ်လက် နှီးနှော ချင်လိုက်တာကွယ်”ဟုလည်း ဘယ်သူကမှ ပြောဖြစ်မည် မဟုတ်ပါ။ ထိုသို့ ပြောပါကလည်း ပါးချခံရကိန်း ရှိမှန်း အတောင် နှစ်ဆယ်ဝတ်တွေ အားလုံး ကောင်းကောင်း သိကြပါသည်။ ထိုရောအခါ ကျွန်တော်တို့ ယောကျာ်းများသည် “ချစ်တယ်”ဟူသော စကားအလှကို ခုတုံးလုပ် သုံးတတ်ကြပါသည်။ “ခင့်ကိုမှ မရရင် သေရပါတော့မယ်”ဟု အတည်ပေါက် ပြောနေသည့်အခါများတွင်လည်း ခင့်ခန္ဓာကိုယ်ကိုမှ မရရင် သေရပါတော့မယ် ဟူသော အနက်က ပိုထွက်နေပါသည်။ ခင့်ခန္ဓာကိုယ်ကို ရပြီးသည့် နောက်တွင်တော့ အားလုံး လျောက်လျားတွေ ဖြစ်ကုန်မည်ကို ခင်တို့ အားလုံး ကြိုမတွေးမိကြခြင်းကြောင့်သာ အိမ်ထောင်ရေးဘဝမှာ မိန်းမသားတချို့ ဒူးနှင့် မျက်ရည်သုတ်နေရခြင်းသာ ဖြစ်လေသည်။ ကိုကိုသစ္စာများ —————- အထက်ပါ အချက်သုံးချက်သည် ယောက်ျားတို့၏ ရင်၌ ဖြစ်ပေါ်တတ်မြဲ အချစ်၏ သရုပ်သကန်ကို ပေါ်လွင် ထင်ရှားစေလောက်သည်ဟု ယုံကြည်ပါသည်။ သည်နေရာတွင် တစ်သက်လုံး တစ်ယောက်တည်းကိုသာ ချစ်သွားသောသူများ မရှိတော့ဘူးလားဟုဆိုလျှင် ရှိတော့ ရှိပါသည်။ သို့သော် အလွန် ရှားလှပါသည်ဟု ဆိုချင်ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်တွင် မြင်တွေ့ဆက်ဆံဖူးသမျှ လူပေါင်းများစွာကို လေ့လာ အကဲခတ်ကြည့်သောအခါ ထိုသို့တစ်ယောက်တည်းကို တစ်သက်လုံး ချစ်နေသည်ဆိုသည့် လူစားမျိုးများမှာ အများလက်ခံထားသော လိင်စိတ်မျိုးနှင့် မဟုတ်ကြသည်ကို တွေ့ရပါသည်။ သေချာသည်မှာကတော့ အိမ်ထောင်သည် ယောက်ျားများထဲတွင် ထိုသို့ တစ်သက်လုံး တစ်ယောက်တည်း ချစ်သွားသူများကို တစ်ယောက်ဆို တစ်ယောက်မှ မတွေ့ဖူးခြင်းပင်ဖြစ်လေသည်။ လူပျိုကြီး တစ်ကိုယ်တည်းသမားများအတွင်းမှာသာ ထိုထိုသော ကိုကိုသစ္စာများကို ရံဖန်ရံခါ တွေ့ရတတ်လေသည်။ လူပျိုကြီး၊ လူပျိုကြီးနှင့်၊ လစ်လျှင်လစ်သလို ဟိုဟိုသည်သည် ရမ်းကားတတ်သော လူပျိုသိုးကြီးများ ရှိသလို ဆိုခဲ့သည့် ကိုကိုသစ္စာများလည်း ရှိသည်။ သို့သော် ထိုကိုကိုသစ္စာများ မူမမှန်သည်ကိုလည်း မျက်ဝါးထင်ထင် မြင်ရပါသည်။ ဆိုလိုသည်မှာ အနှီကိုကိုသစ္စာများ သည် ယောက်ျားစိတ်ချည်း ရာခိုင်နှုန်းပြည့် ရှိမနေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ယောက်ျားတစ်ယောက်တွင် ရှိတတ်မြဲ လိင်စိတ်များ အားနည်း ချို့ယွင်းနေတတ်သည်ကို တွေ့ရပါသည်။ သို့ဖြစ်သောကြောင့် ပြောင်းပြန် ပြန်ပြောရလျှင် အဖိုလိင်စိတ်ရှိသော လူယောကျာ်းတစ်ယောက်၏အချစ်ဟူသည်ကား အထက်တွင် ပြဆိုခဲ့သည့် အချက်သုံးချက် ရောယှက်ပါဝင်နေသည်ဟူလို။ နောက်တစ်မျိုးမှာ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စည်းကမ်းများကို ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြဲမြံမြံနှင့် သေတစ်ပန် သက်တစ်ဆုံး လုံးလုံးကြီး စောင့်ထိန်းတတ်သူများလည်း ရှိနိုင်ပါသည်။ ထိုထိုသောသူများမှာ ရင်၌ တစ်ကြိမ်တစ်ခါဖြစ်ပေါ် ပေါက်ကွဲဖူးသော အချစ်ခံစားမှုဖြင့် အိမ်ထောင် တစ်ခုကိုထူထောင်၊ ထို့နောက် ထိုအချစ်ခံစားမှု ပျက်သုဉ်း ပျောက်ကွယ်သွားသည့်အခါမှာလည်း မိမိအိမ်ထောင်ကို သစ္စာရှိရှိနှင့် ဆက်လက် ထိန်းသိမ်းနေပါလိမ့်မည်။ ထပ်မံဖြစ်ပေါ်လာသော အာရုံခံစားမှုများကိုလည်း သတိကြီးကြီး၊ လုံ့လကောင်းကောင်းနှင့် ထိန်းသိမ်းပြီး နေထိုင် သွားပါလိမ့်မည်။ ထိုထိုသော စာရိတ္တနှင့် အကျင့်စာဂ ကောင်းမြတ်သော ယောက်ျား များလည်း မရှိဘူးဟု ယတိပြတ်ပြော၍မရ၊ ရှိနိုင်လောက်ပါသည်။ သို့သော် တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာတစ်ယောက်၊ တစ်သောင်းမှာတစ်ယောက်ဟု ဆိုနိုင်လောက်အောင် ရှားပါးသောအရေအတွက်မျှသာ ဖြစ်သည်ကို ဒေါ်ဒေါ်၊ မမများ သိထားကြစေချင်ပါသည်။ မိန်းမသားများ သတိထားဖွယ် ———————————- သို့ဖြစ်လျှင် မိန်းမသားတို့အနေဖြင့် အစ်ကိုပုရိသတို့အား ဝေရာမဏိ၊ ဝေးစွာ ရှောင်ရတော့မည်လောဟု မေးစရာ အကြောင်းရှိပါသည်။ ထိုသို့ ရှောင်ကြဉ်စေလိုသော သဘော စေတနာဖြင့် ယောက်ျားတို့၏ ချစ်ခြင်းသရုပ်ကို ဖွင့်ထုတ် အန်ချခြင်း မဟုတ်ပါ။ အဓိကပြောလိုသည်မှာ ယောကျာ်းတို့၏ သဘောကို ယခုကဲ့သို့ တင်တင်ကြိုကြို သိထားကြမည်ဆိုလျှင်ဖြင့် ပြောတိုင်းယုံ၊ ကြုံတိုင်း သနား၊ ကြားတိုင်း အမှန်မှတ် နေရသည့်ဘဝမှ လွတ်မြောက် ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်မိသောကြောင့် ဖြစ်ပါသည်။ အမှန်ကတော့ ကျွန်တော် အထက်က ပြောခဲ့သောစကားများကို အမိအဖများက မိမိတို့၏ သမီးငယ်များ ကြီးကောင်ဝင်သည်နှင့် စတင် ပို့ချသင်ကြား ပေးနိုင်က အလွန်ပင် လျော်ကန်သင့်မြတ်ပါလိမ့်မည်။ ကျွန်တော့်ထံ ရောက်လာသူ မိန်းမသားတချို့မှာ မိဘများက ထိုသို့ သွန်သင် ညွှန်ကြားထားခြင်း အလျဉ်း မရှိသည့်အပြင် ရည်းစားရှိပြီဆိုသည်နှင့် ဖိဆူ၊ ဖိရိုက်ခံရတာမျိုးများကိုသာ ကြုံရပြီး အသားနာခံနေရ၊ စိတ်ညစ်ခံနေရသောအနေအထားမှ ယာယီ လွတ်မြောက်လိုစိတ်နှင့် ဇွတ်မှိတ်မိကြရာမှ ဘဝကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်ရသူတွေက များနေပါသည်။ ထိုထိုသော အမျိုးသမီးများကို တွေ့ရသောအခါ ကျွန်တော့်မှာ ရင်ထုမနာ ဖြစ်ရသလို ဆင်ခြင်ဉာဏ် ကင်းမဲ့လှသော သူတို့၏ အမိအဘများကိုလည်း ကရုဏာသက်မိရပါသေးသည်။ ထိုအတွက် မိန်းမသားတို့ သတိချပ်ရန်ကို အထက်ကနှယ်ပင် အမှတ်စဉ်ထိုးပြီး ပြောလိုပါသည်။ ၁။ ယောကျာ်းတစ်ယောက်က မိမိအား မရလျှင် မနေနိုင်အောင်ချစ် နေပါပြီ၊ မရလျှင်သေရပါတော့မည်ဟု ပြောလာသည့်အခါတွင် သတိကြီးကြီး ထားသင့်ပါသည်။ ထိုစကားမျိုးကို မယုံကြပါနှင့်ဟု မပြောလိုပါ။ အထက်တွင် ရှင်းခဲ့ပြီးဖြစ်သည့်အတိုင်း ပြောသူက ထိုသို့ ပြောနေသည်မှာ လီဆယ်နေခြင်း မဟုတ်သောကြောင့် ယုံမည်ဆိုက ယုံနိုင်ပါသည်။ သို့ရာတွင် မမေ့လျော့သင့်သည်မှာကား မရလျှင် သေရပါတော့မည်ဆိုသည့် အကြင်ယောက်ျား၏ အခြေအနေသည် ထိုခဏအတွက်သာ အာမခံနိုင်ခြင်းကို မမေ့လျော့သင့်ပါ။ ၂။ မရခင်ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးတော့ ဖျာလိုခင်းပြီး နင်းခြေတတ်သော မောင်တို့ယောက်ျားတွေ ဆိုသော စကားမှာ ခြွင်းချက် မရှိအောင် မှန်ကန်ပါသည်။ မရခင်ဆိုသည့်စကားမှာ မိမိခန္ဓာကိုယ်ကို မပိုင်ဆိုင်ရခင်ဟူပြီး နားလည်ထားကြစေလိုပါသည်။ မိမိခန္ဓာကိုယ်ကို ပိုင်ဆိုင် ရယူပြီးသည့်နောက်တွင် ယောကျာ်းအတော်များများ၊ ယောကျာ်းတစ်ရာတွင် ၉၈ယောက်လောက်ကတော့ အချိုးပြောင်းသွားကြသည်ချည်းသာ ဖြစ်ပါသည်။ ထို့ထက်ဆိုးသည်မှာကား “ယောကျာ်းရသည်၊” “မိန်းမရသည်” ဟု ပြောလေ့ ရှိကြသော အိမ်ထောင်ကျပြီးသည့် နောက်ပိုင်းတွင်လည်း ဖျာလို ခင်းကာ အနင်းခံရတတ်သည့်အချက်ကိုလည်း မမေ့လျော့သင့် ပါ။ အိမ်ထောင်မကျခင်တုန်းက ခင့်မျက်နှာ တစ်ချက် အညိုမခံခဲ့ဖူးသူပေမင့် အိမ်ထောင်သည် ဘဝကျတော့ မျက်နှာညိုရုံမကလို့ မတ်တတ်က လဲပြီး သေပွဲဝင်တော့မတတ် ဖြစ်နေသည့်တိုင် ထင်ရာ လုပ်တတ်သော ယောက်ျားသားများလည်း ဤဒွန္နယာမှာ အသင်္ချာ အသင်္ချေ ရှိနေပါလေသည်။ ၃။ ယောကျာ်းတစ်ယောက်က မိမိအား အလိုချင်ဆုံးအချိန်တွင် သူ့ ကို မယူမိအောင် ထိန်းသိမ်းသင့်ပါသည်။ ထို့အတူ မိမိက သူ့ကို အချစ်မိဆုံး အချိန်တွင် အိမ်ထောင်ပြုဖို့ အရေးကို လုံးဝ မတွေးသင့်ပါ။ မွှန်သည်ဟု ရှေ့မှာ ရေးပြခဲ့ပါသည်။ မွှန်ခြင်းသည် မည်သည့် နေရာတွင်မှ မကောင်းပါ။ မွှန်စိတ်မှာ ဆင်ခြင်နိုင်စွမ်း လုံးလုံး ကင်းမဲ့သွားစေနိုင်သော အာနိသင် ပြင်းပြင်းကြီး ပါရှိနေပါသည်။ ဒေါသစိတ် မွှန်သောကြောင့် တစ်ဖက်သားကို အနာတရ ဖြစ်စေရုံမျှမက သူတစ်ပါး၏ အသက်ကို ရန်ရှာမိသည်အထိ မှားယွင်းသွားစေနိုင်ပါသည်။ ဒေါသပြေတော့မှ နောင်တ ရမိကြစမြဲလည်း ဖြစ်ပါသည်။ ရှက်စိတ်မွှန်သောအခါ လုပ်မိလုပ်ရာ လုပ်ဖြစ်ရာမှ ကိုယ့်အသက်ကိုပင် ရန်ရှာတတ်သည်အထိလည်း မှားယွင်းစေနိုင်ပြန်ပါသေးသည်။ အလားတူပင်၊ အချစ်စိတ် မွှန်နေချိန်မျိုးတွင် ယောက်ျားသားများရော၊ မိန်းမသားများပါ ဆင်ခြင်ဉာဏ် ကင်းမဲ့နေတတ်ပါသည်။ ထို့ ကြောင့် သူက ကိုယ့်ကို အလိုချင်ဆုံးအချိန်မှာ သူ့ကို မယူဖို့၊ ကိုယ်က သူ့ကို အချစ်မိရဆုံးအချိန်မှာလည်း အိမ်ထောင်မပြုဖြစ်ကြဖို့ အလွန် အရေးကြီးလှပါသည်။ ထိုသို့ အချစ်စိတ် အဆိပ်တက်နေခိုက်တွင် ချမိသမျှ ဆုံးဖြတ်ချက်များ အားလုံးမှာ နှစ်အနည်းငယ်မျှ ကြာသည်နှင့် နောင်တရစရာတွေ ဖြစ်ကုန်တတ်ပါသည်။ ထိုစကားကိုမယုံလျှင် မိမိပတ်ဝန်းကျင်မှ နီးစပ်ရာ အိမ်ထောင်သည်များကို တစ်ယောက်စီ ကျကျနန မေးစမ်းကြည့်ကြစေလိုပါသည်။ ၄။ ခိုင်မာမြဲမြံသော အိမ်ထောင်ရေးတစ်ရပ် တည်ဆောက်လိုပါက အချိန်ကောင်းကောင်း ယူသင့်ပါသည်။ အထက်က အချက်နှင့် တစ်ဆက်တစ်စပ်တည်းစကားပင်ဖြစ်ပါ သည်။ ရှေးခေတ်က သုံးနှစ်သုံးမိုးဟူသော ဆိုရိုးစကားမှာ အကြောင်းမဲ့ မဟုတ်ပါ။ အလားတူပင် လက်မထပ်ဘဲ အတူနေသည်ဟူသော ကျွန်တော်တို့နှင့် ဘယ်လိုမှ မအပ်စပ်သည့် အနောက်တိုင်းဓလေ့မှာလည်း တရားကိုယ်အားဖြင့်မူ အတူတူပင်ဖြစ်ပါသည်။ အကြောင်းသော်ကား လူအကြောင်း ပေါင်းကြည့်မှ သိရမည်မှာ အမှန်ပင်ဖြစ်နေသောကြောင့်တည်း။ ကြာကြာဝါးမှ ခါးမှန်းသိ ဆိုသည်မှာလည်း လူတွေသာ ဖြစ်ပါသည်။ ကိုယ်နှင့် ချစ်နေသူမို့ ထိုသူ့ကို လူစာရင်းထဲမှ နုတ်ပယ်ထား၍ မရစကောင်းပါ။ သူသည်လည်း လူသာ ဖြစ်သဖြင့် ကြာကြာ ဝါးကြည့်လျှင် ခါးချင် ခါးနေနိုင်ပါသည်။ ကျုပ်တို့ခေတ်က သိပ္ပံခေတ်၊ သုံးနှစ်သုံးမိုး စောင့်စရာမလိုဘူးဟု ပြောသောသူများကို အင်းလေ… ကြည့်ကြသေးတာပေါ့ဟုသာ စိတ်ထဲက ကြိတ်ပြောနေလိုက်ပါမည်။ လက်တွေ့တွင် ခိုင်မာမြဲမြံသော အိမ်ထောင်ရေးများ၏ ၇၅ရာခိုင်နှုန်းကျော်မှာ အိမ်ထောင်မပြုမီ အချိန်ယူ ပြင်ဆင်ခဲ့ကြကြောင်းကို အထင်အရှားတွေ့ရပါသည်။ ယောက်ျားတစ်ယောက်၏ မွှန်စိတ်များ ကျကျနန ပျောက်ပြယ်ပြီး တည်ငြိမ်နိုင်သော အနေအထားသို့ ပြန်လည် ရောက်ရှိလာရန် အကြာဆုံး လိုအပ်သောအချိန်မှာ လပေါင်း၂၀ဟုအထက်တွင် တင်ပြခဲ့ပါပြီ။ ထို အတွက် အိမ်ထောင်ပြုရန် ရည်သန် စိတ်ကူးနေသော မိန်းကလေးများအနေနှင့် သမီးရည်းစားသက်အားဖြင့် အနည်းဆုံး လပေါင်း၂၀တော့ အချိန်ယူပြီးမှ စိတ်ကူးသင့်ကြပါသည်။ အချိန်ကြာကြာယူလေ၊ မိမိဘဝ တစ်ခုလုံးအတွက် အရေးကြီးလှသော အိမ်ထောင်ရေးမှာ ရတက်ပွေစရာ နည်းလေလေ ဖြစ်နေသည်မို့ ဖြစ်နိုင်လျှင်တော့ အချိန်ကို ၂၄လ (ဝါ) နှစ်နှစ်တာတော့ အနည်းဆုံး ယူကြပါဟု ပြောချင်ပါသည်။ ကြာလေလေ၊ ခိုင်မြဲလေလေဆိုသည့်အချက်ကို သတိထားမိကြလျှင်ဖြင့် ထို့ထက် အချိန်ယူနိုင်သေးကလည်း ယူသင့်ပါသည်။ ၅။ မည်မျှ အချိန်ယူ ပြင်ဆင်ခဲ့လင့်ကစား မိမိ၏ လင်သားသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဖောက်ပြားနိုင်သေးသည်၊ နောက်တစ်ယောက် အပေါ်တွင် အရူးအမူး ဖြစ်နိုင်သေးသည်ဆိုခြင်းကိုလည်း မမေ့သင့်ပါ။ မိမိလင်သား၏ ဘဝ အဆင့်အတန်း၊ အသိဉာဏ်နှင့် ကျောင်းသင် ပညာများသည် တစ်ချိန်ချိန်တွင် မဖောက်ပြားဟု အာမခံချက် ပေးနိုင်သော အရာများမဟုတ်ကြောင်းကို အစောကြီးကတည်းက နားလည်ခံယူ ထားသင့်ပါသည်။ လူဟူသည်မှာ ပြောင်းလဲနေတတ်သော သဘာဝရှိကြောင်း နားလည် သဘောပေါက်ထားလျှင် ဤအချက်ကို သတိချပ်မိကြပါလိမ့်မည်။ နောက်တစ်ချက်မှာ လွယ်လျှင် သူကြွယ်တောင် မနေဘူး ဆိုသကဲ့သို့ပင် ဖိုမကိစ္စတွင်လည်း အိုးချင်းထား အိုးချင်းထိတတ်သော သဘောက ရှိနှင့်ပြီးလည်း ဖြစ်ပါသည်။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ပုထုဇဉ် လူသားများအနေဖြင့် အတွေ့ကို ရှောင်နိုင်ရန် ခဲယဉ်းနေတတ်ပါသည်။ မိန်းမသားများအနေဖြင့်က အရှက်တရား၊ အကြောက်တရားနှင့် လူ့စည်းကမ်း လူ့ကျင့်ဝတ်များကြောင့် ယောက်ျားများနှင့် စာလျှင် ထိုအတွေ့ကို မရကုပ်ကပ် ရှောင်ချင် ရှောင်နိုင်ကြပါလိမ့်မည်။ ယောကျာ်းသားတို့အတွက်မူ “ယောကျာ်းကောင်း မောင်းမ တစ်ထောင်”ဟူသော သွေးထိုးစကားများက ရှေ့တွင် ရှိနှင့်နေပြီးဖြစ်သလို ဒါမျိုးကို ရှက်ရကောင်းမှန်းလည်း သိပ် မသိ၊ ဥပဒေမှာကလည်း အဘယ်မိန်းမကမှ နောက်မိန်းမသားတစ်ဦးကို “လင်ခိုးမှု”ဖြင့် အမှုဖွင့် အရေးယူလို့ မရ ဖြစ်နေသည့်အတွက် တကယ့် “အတွေ့”ကို တွေ့ရသည့်အခါ ရှောင်ဖို့ထက် ဇွတ်တိုးဖြစ်ဖို့ အကြောင်းက ပိုများနေတတ်ပါသည်။ ထို့အပြင် ယောကျာ်းတို့၏ “ဘဝင်“ကလည်း တစ်ပြဿနာဖြစ် ပါသည်။ မိန်းကလေးတစ်ယောက် လူတကာနှင့် တွဲလျှင်ပင် လူ့ဘောင်က “မျက်နှာများသည်“ဟု ဆိုကာ သွားပုပ်လေလွင့် ပြောတတ်ကြသော်လည်း ယောက်ျားတစ်ယောက် လူတကာနှင့် တွဲနေလျှင်မူ “ကိုဖိုးစွံ”ဟု ထောမနာပြုတတ်ကြပါသေးသည်။ ထိုရောအခါ အကြင် ယောက်ျားသည် အခြား ယောက်ျားများ အလယ်တွင် မိမိက ခေါင်းတစ်လုံး ပိုသာနေသည်ဟု အခြောက်တိုက် သွေးနားထင် ရောက်သွားတတ်ပါသည်။ ထိုသို့ သွေးနားထင် ရောက်လွယ်သော “ကျားတို့၏ဘဝင်”သည် အိမ်ထောင်သည်ဖြစ်ခါမှ ထိမ်းမရ၊ ဆွဲမနိုင်အောင် ပိုမြင့်ချင် မြင့်သွားတတ်ပါသေးသည်။ ထိုအခါမျိုးများတွင် မိန်းမသားများအနေဖြင့် မိမိ၏ခင်ပွန်းသည်ကို အကြမ်းနည်းဖြင့် ကိုင်တွယ်ရန် လုံးလုံးမစဉ်းစားသင့်ပါ။ ဖြစ်တတ်သော သဘာဝကို ဆင်ခြင်ကာ ဉာဏ်ကို လွှာသုံးပြီး ကိုင်တွယ်တတ်မှသာ ထိုအချိန်အခါကို ကျော်လွှားနိုင်မည်လည်း ဖြစ်ပါသည်။ အခြား မိန်းမသားတစ်ဦးအပေါ်တွင် မွှန်စိတ်ဖြစ်သည်မှာလည်း မိမိအပေါ်တွင် တစ်ချိန်က မွှန်ခဲ့ဖူးသလို ခဏတာသာ ခံမည်ကို သတိထားမိလျှင် အချိန်ယူပြီး ပါးနပ်စွာ ကိုင်တွယ်ရကောင်းမှန်း အလိုလို သတိထားမိနိုင်ကြမည်လည်း ဖြစ်ပါသည်။ နိဂုံး —– ယခုကဲ့သို့ ရေးသား တင်ပြလိုက်သည့်အတွက် အစ်ကိုကာလသားများက ကျွန်တော့်အား မျက်မာန်ပွားရန် အကြောင်းရှိပါသည်။ ယောက်ျားစင်စစ် ဧကန်ဖြစ်ပါလျက်ကနှင့် ဘဇာ့ကြောင့် မိန်းမသားများ အကျိုးကို ရည်မျှော်ကာ အကုန်လုံး ဖော်လိုက်ပါသနည်းဟု အမေး ရှိလာပါက ကျွန်တော့်မှာ အဖြေရှိပါသည်။ ကျွန်တော်သည် အမေဟူသော မိန်းမသားက မွေးဖွားလိုက်သူ တစ်ဦးဖြစ်ကာ သမီးဟူသော မိန်းမသားတစ်ဦး၏ ဖခင်လည်း ဖြစ်နေသောကြောင့် မအေချင်း၊ နှမချင်း၊ သမီးချင်း စာနာမိရလေသောကြောင့်ဟု ဖြေပါရစေ။ ထို့အပြင် နိဒါန်းတွင် အစချီခဲ့သည့်အတိုင်း ကျွန်တော့်ထံရောက် ရှိလာသော ချစ်ဒုက္ခသည် မိန်းမသားများဆီမှ တူညီသော အချက်တစ်ခုကို ဘုံထုတ်လိုက်သည့်အခါ ယောက်ျားတို့၏ အချစ်ကို ယုံမှတ်မှားကြခြင်းကိုသာ ထင်းထင်းကြီး တွေ့ရသောကြောင့်လည်း ဖြစ်ပါသည်။ ပိုဆိုးသည်မှာ အချစ်ဆိုသည့်အရာကို အထင်တကြီးနှင့် ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်ပြီး ခုန်လိုက်ကြရာမှ မှောက်လျက်လဲလို လဲ၊ ဒူး ကွဲလိုကွဲ၊ နဖူးပြဲလို ပြဲနှင့် ဖြစ်နေကြတာကို မြင်တွေ့နေရခြင်းလည်း ဖြစ်လေသည်။ ထိုအခါများတွင် အကြင်မိန်းမသားများအား “သူနဲ့ လက်မထပ်ခင်က ရည်းစားသက် ဘယ်လောက်ကြာခဲ့လဲ”ဟု မေးကြည့်သောအခါ အများစုက သုံးလ၊ ခြောက်လစသဖြင့်သာ အဖြေပေးကြပါသည်။ ထိုအခါများတွင် သူတို့တွေ ဒူးနှင့် မျက်ရည်သုတ်နေကြရသည်ကို “နည်းတောင် နည်းသေးတယ်”ဟု ကရုဏာဒေါသောနှင့် ပြောချလိုက်ချင်စိတ်ကို ကျွန်တော့်မှာ မနည်း မျိုသိပ်နေရတတ်ပါသည်။ ယခုတော့ ထိုစိတ်ကို ဘယ်လိုမှ မမျိုသိပ်နိုင်တော့သည်အဆုံး၊ အကုန်လုံး ဖွင့်ချလိုက်မိရပါပြီ။ (အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ) အတ္တကျော် မှတ်ချက်။ ။အတ္တကျော်၏ ဘလော့ခ်မှ ကူးယူဖော်ပြသည်။




ဆက်ဖတ်ရန်>>>

ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့


သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ

ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့

ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။

ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့

ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ

မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ

နှစ်ယောက် ပြန်လာခဲ့ကြတယ်..။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်

ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ

တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ

မြားတစ်စင်း ပစ်လိုက်တယ်.။

မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်..။

စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။

ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ

ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။

ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။

မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်

ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်……….



ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။

ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့

အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။



ခွေးကတော့ ခွေးပါပဲ…..ဒီလိုပဲ

ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။.

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့…။

လောကကြီးမှာလဲ ဒီလိုပါပဲ…

ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား…။

ပြဿနာရဲ့အစကို ၇ှာပြီး ပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့

လူနစ်မျိုးကွဲ သွားပါတယ်..။

ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ……။



ငါဟာ………..ခြင်္သေ့……….လား

ခွေး………..လား…။ ။



အဖြေရလာပါလိမ့်မယ်….။ ။



ဆက်ဖတ်ရန်>>>

Ideal Marriage(စံပြုထိုက်တဲ့အိမ်ထောင်ရေး)

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..

Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .

သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့

သူပြောတာက . ..

1- loving each other

2- mature brain

3- proper income

4- good health and

5- acceptable both sides



1.loving each other

ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။



2.mature brain

ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ အလေးအနက်ထား

အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊ အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက် အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့ သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။



3. proper income

သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။ သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့် မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။

ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။



4. good health

ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊



5. acceptable both sides

လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ သဘောကျတယ်ဆိုရင်တော့ OK ပေါ့။



No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး ရှိရမှာပေါ့နော်။

ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်

အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့

တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)

နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)

သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)

လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)

ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့




ဆက်ဖတ်ရန်>>>

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ်


အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။



(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့

နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ

၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း

ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့

သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ

ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့

နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..



(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ

လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး

အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ

ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို

သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို

ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို

ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ..

စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်တော်တို့ 

စမ်းကြည့်တာ အောင်မြင်တယ်ခင်ဗျ။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။

အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက

နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ

သင့်လက်ကိုင်ဖုန်းကြောင့်ပါ။



(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ

သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို

နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို

ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း

ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား

ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို

ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။



(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို

ဖျက်ဆီး ပစ်မလဲ။

သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း

၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ

သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး

လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ

သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ

တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။

တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ်

ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ

ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့

ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင်

ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ်

နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက

ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ

ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ

ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း

သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့

မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card

ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း

ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း

ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။



လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။



ဆက်ဖတ်ရန်>>>

သေချာလေး ပြီးဆုံးအောင် ဖတ်ပေးပါ ။ အရမ်းကောင်းတယ် ။မိဘကျေးဇူးအထူးဆပ်နိုင်တဲ့ သူများ ဖြစ်ကြပါစေ။

ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။



လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။



နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။



အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။



အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ

များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်

အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား ။



အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထို

စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။



အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး

ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။



မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ

အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။



အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။



နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။



ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ

သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။



မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ

လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။



“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား”



အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။

ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။



“ငါ အိုသွားတဲ့အခါ”ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ

“ငါ အိုသွားတဲ့အခါ”



ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။



ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။



အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။



မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။



ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။



စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။



အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။



တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။



ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း……………





http://kaunglay05.multiply.com




ဆက်ဖတ်ရန်>>>

Face Book (သို့မဟုတ်) အထူးပြုလုပ်ချက် ကမ္ဘာ

ဆောင်းပါး




ငြိမ်းချမ်းငြိမ်း

သောကြာနေ့၊ အောက်တိုဘာလ 09 ရက် 2009 ခုနှစ် 14 နာရီ 19 မိနစ်

လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် Social Networking Site များစွာအနက် Face Book ဝက်ဘ်ဆိုဒ်မှာ လူသိများ အထင်ရှားဆုံးဖြစ်သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ Face Book ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာတလွှားမှ ဝင်ရောက်ထားပြီးသူပေါင်းမှာ သန်း ၃၀၀ ကျော်ရှိပြီး ဘာသာစကား ၅၅ မျိုးနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။



စတင်တည်ထောင်စက ရည်ရွယ်ချက် အနည်းအကျဉ်းသာ ရှိခဲ့သော Face Book မှာ ယခုအခါ နိုင်ငံငယ် တခုထက်မက ရည်ရွယ်ချက်၊ ရည်မှန်းချက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။



ယခုအခါ အင်္ဂလန်နိုင်ငံ၏ လူဦးရေထက်ပင် များနေသည့် Face Book ဝက်ဘ်ဆိုဒ်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် အခန်းကျဉ်းလေးထဲမှ စတင်ခဲ့သည်။



ဟားဗတ်တက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် မာခ် ဇာကာဘခ်က သူ၏ အခန်းဖော်သူငယ်ချင်း နှစ်ဦးဖြစ်သူ ဒတ်စတင် မော်စကိုဗစ်၊ ခရစ်ဟူရ်းတို့နှင့်အတူ www.thefacebook.com ဆိုသည့် အင်တာနက် လိပ်စာတခု ဝယ်ယူကာ စတင်ခဲ့သည်။



Face Book ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ အမေရိကန် တက္ကသိုလ်များတွင် အသုံးပြုသော စကားတခု ဖြစ်သည်။ တက္ကသိုလ်ကို စတင်တက်ရောက်မည့် မျက်နှာသစ် ကျောင်းသား၊ ကျောင်းသူများကို စာသင်နှစ်၏ အစတွင် အတန်းဖော်နှင့် ဆရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ သီရေတာ အပြင်ဘက်တွင် ကျောင်းသားသစ်၏ မျက်နှာနှင့် နာမည် အချက်အလက်အချို့ကို ဖော်ပြထားသည့် နေရာတခုကို Face Book ဟု ခေါ်သည်။ မာခ် ဇာကာဘခ်က ထိုနာမည်ကို အစွဲပြု၍၎င်း၊ ထိုထုံးတမ်းဓလေ့ကို ပုံတူကူးယူ၍၎င်း Face Book ဟု အမည်ပေးခြင်း ဖြစ်သည်။



Face Book စတင်တည်ထောင်ခါစက ဟားဗတ် တက္ကသိုလ် ကျောင်းသားများကိုသာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ခွင့်ပြုခဲ့သော်လည်း ထိုနှစ် နွေဦးရာသီအစမှာပင် ဟားဗတ် တက္ကသိုလ် ကျောင်းသားများသာမက ယေး၊ စတန်းဖို့ဒ်၊ ကိုလံဘီယာ၊ ဘာကလေ၊ ကော်နယ် အစရှိသည့် ကျောင်းများမှ ကျောင်းသားများပါ thefacebook.com ၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။



နောက်ပိုင်းတွင်မူ Ivy League ဟု ခေါ်သည့် အမေရိကန် ထိပ်တန်းတက္ကသိုလ် ကျောင်းသားများသာမက ကနေဒါနှင့် သာမန် အမေရိကန် တက္ကသိုလ် ကျောင်းသားများပါ ပါဝင်ခဲ့သည်။



Face Book ၏ သက်တမ်း ၄ လ နီးပါးမှာပင် အဖွဲ့ဝင်အရေအတွက်မှာ တသိန်းကျော်

ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ ဇာကာဘခ်က thefacebook.com အား facebook.com ဟူ၍ ပြောင်းလဲခဲ့သည်။



၂၀၀၄ ခုနှစ် ဇွန်လ Face Book ၏ သက်တမ်း ၄ လတွင် Pay Pal အွန်လိုင်း ငွေကြေးပေးချေ / လွှဲပြောင်းမှု စနစ်ကို စတင်ထူထောင်ခဲ့သည့် စွန့်ဦးတီထွင် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ပီတာ သီလ်း ဆိုသူက ဒေါ်လာ ၅ သိန်း ထည့်သွင်းမြှုပ်နှံခဲ့သည်။



သူကိုယ်တိုင်လည်း Face Book ၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ငွေကြေးရင်းနှီးမြှုပ်နှံသူ တဦးဖြစ်သည့် ပီတာ သီလ်း Face Book အဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ယူချိန်တွင် ဇာကာဘခ်၏ အိုင်ဒီယာနှင့် ပေါင်းမိကာ Face Book ၏ ပုံရိပ်မှာ မြင့်မားလာခဲ့သည်။



ဂျာမဏီနိုင်ငံ ဖရန့်ဖတ်တွင် မွေးဖွားပြီး ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာ စီးတီးတွင် ကြီးပြင်းသည့် ပီတာ သီးလ်သည် အမေရိကန်နိုင်ငံ၏ စစ်တုရင် အကျော်အမော်လည်း ဖြစ်ကာ စတန်းဖို့ဒ် တက္ကသိုလ်တွင် နှစ်ဆယ်ရာစု ဒဿနိက ပညာရပ်ကို သင်ကြားခဲ့သူ ဖြစ်သည်။



ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ခြင်း မရှိသော်လည်း Forbes မဂ္ဂဇင်းက ရွေးချယ်ခဲ့သည့် လူငယ် စီးပွားရေး စွမ်းဆောင်ရှင်များအနက် တဦးဖြစ်သည်။



နိုင်ငံရေး အယူအဆအရ ပီတာ သီလ်းမှာ လစ်ဘာတေးရီးယန်း (Libertarian) တဦး ဖြစ်သည်။ သူ၏ နိုင်ငံရေး အယူအဆမှာ အများသူငါတို့နှင့် ကွဲပြားခြားနားနေသလို လူမှုဗေဒနှင့် ဘဝနှင့် ပတ်သက်၍ သူ၏ တွေးမြင်ယူဆပုံတို့မှာလည်း ယေဘုယျအားဖြင့် ခေတ်လွန်သည် ပြော၍ရသော်လည်း ဆန်းသစ်မှုများနှင့် ပြည့်စုံသည်။



ပါမောက္ခ ကားပေါ့ပါး၏ တပည့်ဖြစ်ခဲ့ဖူးသည့် ဂျော့ဆိုးရော့စ်သည် ဘီလျံနာနှင့် ငွေကြေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူ တဦးဖြစ်သည်။ ကာပေါ့ပါး၏ အနုမာနဖြစ်သော ပွင့်လင်းလူ့ဘောင် (Open Society) အယူအဆကို မစ္စတာ ဆိုးရော့စ်က နည်းလမ်းမျိုးစုံဖြင့် ထိုက်သင့်သလောက် အကောင်အထည် ဖော်နိုင်ခဲ့သလိုပင် စတန်းဖို့ဒ်တက္ကသိုလ်မှ ပညာတပိုင်းတစနှင့် ကျောင်းထွက်ခဲ့ရသည့် ပီတာ သီးလ်မှာလည်း ထိုအချိန်က စတန်းဖို့ဒ် ဆင်စွယ်နန်းတော်တွင် ခေတ်စားနေသည့် အယူအဆတခုကို တကမ္ဘာလုံးနှင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။



မျိုးဗီဇသိပ္ပံ Genetic Science ၏ သဘောတရားတခုမှ ခွဲဖြာလာသည့် အယူအဆတခုကို ပီတာ သီလ်းနှင့် အပေါင်းအပါများက ကိုယ်တိုင်လည်း ယုံကြည်သကဲ့သို့ ထိုအယူအဆကို Face Book တွင် ထည့်သွင်းခြင်းဖြင့် တကမ္ဘာလုံးကို အတင်းအကျပ် မဟုတ်ဘဲ ယုံကြည်စေနိုင်ခဲ့သည်။



Face Book ကို ပထမဦးဆုံး ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သည့် ပီတာ သီလ်းသည် သူ၏ ဓနဥစ္စာသာမက သူ၏ အတွေးအမြင် အယူအဆတို့ကိုပါ ထည့်သွင်းမြှုပ်နှံနိုင်ခဲ့သည်။



The Stanford Review သတင်းစာနှင့် အမေရိကန် စစ်တုရင် အကျော်အမော်တဦးဖြစ်သူ ပီတာ သီးလ်တို့၏ အယူအဆမှာ … အစုအဝေးဖြင့် အုပ်စုဖွဲ့ ကျက်စားပြီးနေတတ်သည့် လူတို့၏ စရိုက်သည် မြေကမ္ဘာပေါ်မှာ သာမက မည်သည့်နေရာတွင်မဆို ထိုအပြုအမူမျိုးပင် ဖြစ်သည်ဆိုသည့် အချက်ကို ပထမအဆင့် သက်သေထင်ရှားအောင် ပြသနိုင်ခဲ့သည်။



ထို့ပြင် တကယ့်ဘဝ၊ တကယ့်ကမ္ဘာ မဟုတ်သောနေရာ Virtual World မှ နေ၍လည်း အမှန်တကယ် တည်ရှိသော ဘဝ Real Life ကိုပင် လွှမ်းမိုးနိုင်သည်ဟူသော ပုဂ္ဂလလူသားနှင့် သီးသန့်ကွဲပြားနေသော ပုံရိပ်ယောင် ကမ္ဘာသည် တကယ့်လူသား အစစ်အမှန်ထက်ပင် ပိုမို၍ စွမ်းရည်များ ပြည့်လာ Powerful လာနိုင်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။



ထိုအယူအဆသည် အမေရိကန် တက္ကသိုလ်အချို့တွင် ၉ဝ ပြည့်လွန်နှစ်များက Utopian အတွေးအခေါ်ရှိသည့် ကျောင်းသားတချို့၏ အယူအဆ ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆကို ဗွေဆော်ဦး ဈေးဦးဖောက် လိုက်နိုင်သူများမှာ ဟောလိဝုဒ် ရုပ်ရှင်လောက ဖြစ်သည်။ အမြင်၊ အကြားဆိုင်ရာ အာရုံငါးပါး လှည့်စားသည့် အထူးပြုလုပ်ချက်များဖြင့် ပရိသတ်ကို လှည့်စားနိုင်ခဲ့သည်။



၁၉၉၉ ခုနှစ်မှ စတင်၍ ထုတ်ဝေခဲ့သည့် The Matrix (Trilogy) သုံးကားတွဲ ဇာတ်လမ်းသည် အစစ်အမှန်နှင့် အမှန်တကယ် မဟုတ်သော ကမ္ဘာနှစ်ခု ပေါင်းကူးစပ်ယှက်ပြီး အခက်အခဲများ ကျော်လွှားပုံကို ရိုက်ကူးပြထားခြင်း ဖြစ်သည်။



အမေရိကန် ငွေကြေးဈေးကွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကို လုပ်ကိုင်နေသည့် ပီတာ သီးလ်သည် Face Book မှာ သာမက အခြား Social Networking ဆိုဒ်များဖြစ်သည့် Friendster, Linkedln, Yammer, Rapleaf, Powerset, Vator တို့တွင်လည်း ငွေကြေးထည့်ဝင်သူတဦး ဖြစ်သည်။



Singularity Institute ၏ ဥာဏ်ရည်တု သုတေသန Artificial Intelligent တွင်လည်း ဒေါ်လာ တသိန်းထိ ငွေကြေးထည့်ဝင်ထားသည်။ အသက်ရှည်ဆေး သို့မဟုတ် အိုမင်းမှုကို တားမြစ်နိုင်သော မော်လီကျူးများ၊ ဆဲလ်များနှင့်ပတ်သက်၍ သုတေသနပြုနေသည့် အင်္ဂလန်ရှိ အဖွဲ့အစည်းတခုကိုလည်း တသက်စာ ငွေကြေးစိုက်ထုတ်ပေးထားသေးသည်။



အရေးပါလှသော ငွေကြေးစနစ်ကိုပင် တဦးနှင့် တဦး မတွေ့မမြင်ရဘဲ ပုံရိပ်ယောင် ကမ္ဘာမှ ပေးချေ၊ လွှဲပြောင်း ရနိုင်အောင် တည်ထွင်ခဲ့သည့် ပီတာ သီးလ်နှင့် ဇာကာဘခ်တို့၏ Facebook သည် နောက်ပိုင်းတွင် နိုင်ငံတခု၏ ကြံအင်လက္ခဏာကဲ့သို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စသည်တို့ ပါဝင်လာဦးမည် ဖြစ်သည်။ ဝါသနာပါလျှင် Face Book တွင် ကျင်းပဦးမည့် ရွေးကောက်ပွဲတွင်ပင် ဝင်ရောက်မဲဆွယ်ပြီး ပါဝင်ခံနိုင်သေးသည်။



အင်အားစုဆောင်းပြီး Emperor ထူထောင်ချင်သည့် လူတို့၏ စရိုက်သဘာဝကို ကောင်းကောင်း အသုံးချနိုင်ခဲ့သည့် Face Book အရှင်သခင်များသည် ယခုတွင် မီလျံနာသူဋ္ဌေးများ ဖြစ်နေပြီး စီးပွားရေးကြော်ငြာများမှာလည်း သတင်းစာ၊ ဂျာနယ်၊ ရုပ်သံများတွင် ကြော်ငြာမှုကို ရပ်ဆိုင်းပြီး Face Book တွင် အလုအယက် ကြော်ငြာနေပြီ ဖြစ်သည်။



အမေရိကန်သမ္မတ အိုဘားမား ရွေးကောက်ပွဲတွင် အနိုင်ရခြင်းသည်ပင် မက်ကိန်းထက်ပို၍ Face Book ကို အသုံးချခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အထူးပြုလုပ်ချက်များဖြင့် မိမိ၏ ကိုယ်ပွား ဘဝကို စိတ်ကြိုက် တည်ဆောက်နိုင်သော ကမ္ဘာတွင် အနိုင်ရပါမှ အစစ်အမှန် ကမ္ဘာတွင်ပါ အနိုင်ရနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။



အစစ်အမှန် ကမ္ဘာနှင့် လုံးဝကွဲပြားသည့် ကမ္ဘာတခုကို Face Book တွင် တည်ဆောက်နိုင်သည်။ ပဉ္စလှည့်ဆန်သော အထူးပြုလုပ်ချက် ကမ္ဘာထဲတွင် မိုင်ထောင်ချီ ဝေးပစေဦးတော့ တဦးနှင့် တဦး ကျောချင်းကပ်ထားနိုင်သည်၊ ရင်ချင်းအပ်ထားနိုင်သည်။ ကိုယ့်စိတ်ကြိုက် ကမ္ဘာငယ်လေး တည်ဆောက်ထားနိုင်သည်။



ဆက်ဖတ်ရန်>>>

Computer အသုံးပြုပါက…

ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင် မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့ ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။ မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို သက်သာစေနိုင်ပါတယ်။ သင့်မျက်နှာရှေ့တည့်တည့်မှာ လက်ညှိုးထောင်ပြီး လက်ညှိုးကို စူးစိုက်ကြည့်ပါ။ ထို့ နောက် သင့်လက်ညှိုးကို တဖြေးဖြေးချင်း မျက်နှာမှ ဝေးရာသို့ရွှေ့ပြီး မျက်စိအကြည့်ကို အကွာအဝေးအတန်ငယ် ကွာဝေးသော အရာများပေါ်သို့ ရွှေ့ပေးပါ။ ထို့နောက် သင့်လက်ညှိုးကို မျက်နှာရှေ့သို့ ပြန်လည်ထားပြီး စူးစိုက် ကြည့်ပါ။ ပြီးနောက် (၈)ပေအကွာတွင်ရှိသော အရာများကို စက္ကန့်အနည်းငယ်ကြာအောင် စူးစိုက်ကြည့်ပေးပါ။ သည်လေ့ကျင့်ခန်းကို တစ်နေ့ကို အနည်းဆုံး (၃)ကြိမ်ခန့် ပြုလုပ်ပေးပါ။ သင့်တော် မှန်ကန်သော မျက်မှန်၊ မျက်ကပ်မှန်တို့ကိုသာ ၀တ်ဆင်ပါ။ အချို့သော မျက်မှန် မှန်ဘီလူးများ သည် စာဖတ်ရန်အတွက် စီမံထားတာဖြစ်တဲ့အတွက် computer အသုံးပြုရန် မသင့်လျော်လှပါဘူး။

သင့်အလုပ်စားပွဲကို သင့်မျက်စိနှင့်အဆင်ပြေအောင် စီစဉ်ထားခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေနိုင်ပါ တယ်။ Monitor ကို သင့်မျက်စိရှေ့ ၁၈ လက်မ မှ ၃၀ လက်မအတွင်း နေရာတွင်ထားပါ။ အရွယ်အစားသေး သော စာလုံးများကို ဖတ်သောအခါ Font အရွယ်အစားကို ကြီးပေးပါ။

Monitor ကို မျက်စိနှင့်တည့်တည့်နေရာတွင်ထားပြီး အပေါ်အောက်ရွှေ့ကြည့်သောအခါ အဆင်ပြေပါစေ။ အကယ်၍ Monitor သည် သိပ်မြင်လွန်းနေလျှင် သော်လည်းကောင်း၊ နိမ့်လွန်းလျှင် သော်လည်းကောင်း၊ သင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည်။

အကယ်၍ သင့် Monitor ကို CPU (Central Processing Unit) ပေါ်တွင် တင်ထားမည်ဆိုလျှင် CPU ကို ကြမ်းပြင်ပေါ်တွင် ချထားပါ။ အနီးအဝေး ဘိုင်ဖိုကယ်မျက်မှန်တပ်ဆင်ထားသူများသည် ခေါင်းကို နောက်ဘက် သို့လှန်ကာ ခပ်မော့မော့ကြည့်မှသာ မျက်မှန်အောက်ပိုင်းနှင့်အဆင်ပြေမှာ ဖြစ်ပါတယ်။ Monitor ကို အနည်း ငယ် အောက်ဘက်သို့ နှိမ့်ကာထားခြင်းဖြင့်လည်း အဆင်ပြေလွယ်ကူစေပါမယ်။ Keyboard ကို Monitor အရှေ့ တည့်တည့်တွင်သာ ထားပါ။ အကယ်၍ သင့် Keyboard ကို ဘေးဘက်တွင်ထားမည်ဆိုပါက Monitor ဖန်သား ပြင်နှင့် Keyboard ကို တစ်လှည့်စီကြည့်နေရခြင်းဖြင့် အလုပ်မတွင်ဘဲ ကြန့်ကြာတတ်ပေသည်။ မျက်စိကိုလည်း ပိုမိုအလုပ်ပေးရာ ရောက်နေပါလိမ့်မည်။

Computer နှင့်အလုပ်လုပ်နေစဉ် ကိုကားရည်ညွှန်းသော စာအုပ်များ၊ စာရွက်စာတမ်းများကို အနီးအနား တွင်သာ ထားပါ။ စာရွက်စာတမ်းများကို ကြည့်၍စာရိုက်နေစဉ် Monitor ၏ဘေး၊ မျက်စိနှင့်တစ်တန်းတည်း ရှိနေ သော နေရာတွင်သာ ထားပါ။

Monitor ၏ အလင်းရောင်တောက်ပမှုကို အမြဲစစ်ဆေးပါ။ Monitor သည် အလွန်စူးရှတောက်ပနေပါက ဖန် သားပြင်ပေါ်တွင်ရှိသော အရာများကို တွေ့မြင်ရသည်မှာ ခက်ခဲပြီး ကြာလျှင် မျက်စိပျက်စေနိုင်ပါတယ်။ Monitor ကို ပိတ်ထားပြီး Monitor ၏ အရှေ့တည့်တည့်၌ထိုင်ကာ အလင်းရောင်ကို စစ်ဆေးပါ။ အခန်းတွင် မီးအလင်းရောင်၊ နေရောင်ဝင်မှုနှင့် ပုံရိပ်ထင်မှုတို့ကို စစ်ဆေးပါ။ ဖြစ်နိုင်လျှင် Monitor ကို အလင်းရောင်လာ သည့် နေရာနှင့် ထောင့်မှန်အနေအထား နေရာတွင်ထားပါ။ ခေါင်းပေါ်မှလာသော မီးအလင်းရောင်များကို ပိတ် ပစ်ပါ။ စာရေးခြင်း၊ စာဖတ်ခြင်းအတွက် အလင်းရောင်လိုအပ်ပါက အနေအထား၊ နေရာအပြောင်းအရွှေ့ လုပ်နိုင် သော စားပွဲတင်မီး (Adjustable Desk Lamp) ကို အသုံးပြုလျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။

ပြူတင်းပေါက်၊ နံရံအဖြူကဲ့သို့သော အလင်းရောင်ပြန်လာစေနိုင်သော နေရာများ၏ အရှေ့၌ Monitor ကို မထားလျှင် အကောင်းဆုံးဖြစ်ပါတယ်။ Monitor ပေါ်မှ စာများကို ဖတ်ရသည်မှာ သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဖြစ်သည့်အနေအထားတွင်သာ ဖြစ်စေရန် Monitor တောက်ပမှုကို အမြဲမှန်မှန်ညှိပေးရန် လိုအပ် ပါတယ်။

Monitor ကို နေ့စဉ် ဖုန်သုတ်ပေးပါ။ Monitor ပေါ်တွင် ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခြင်းကလည်း Monitor ဖန်သားပြင် တောက်ပမှုနှင့် အလင်းပြန်မှုပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပျင်းမရိနှင့် နေ့စဉ် ဖုန်သုတ်အလုပ်ကလေး လုပ်ကြရအောင်။

အခုဆိုလျှင် အဖိုးထိုက်တန်လှတဲ့ မျက်စိများအတွက် စိတ်ချလက်ချ ဖြစ်နိုင်သလို Computer နှင့် အလုပ်လုပ် ခြင်း လုပ်ငန်းများမှာလည်း အလုပ်တွင်နိုင်မှာ ဖြစ်ပါတယ်…။



ဆက်ဖတ်ရန်>>>

ဓမ္မစေတီခေါင်းလောင်းကြီး၏ သမိုင်းစုံကို မသိသေးသူများအတွက်


ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်းစုံကို မသိသေးးသူများအတွက် မျှဝေလိုက်ပါသည်။



ဓမ္မစေတီခေါင်းလောင်းကြီး



ခေါင်လောင်းတော်ဘွဲ့- အဝိန္ဒဆောက် ခေါင်းလောင်းတော် အလေးချိန်- ၁၈၀၀၀၀ ပိဿာ(တန်ချိန် ၂၉၀) အတိုင်းအတာ - အဝ(၈)တောင်၊ xxx(၁၂) တောင် သွန်းလုပ်သည့်နေ့- သက္ကရာဇ် (၈၃၇)ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ -သက္ကရာဇ် (၈၃၈) ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ် ကျော်ကြားမှု- ပျောက်ဆုံးနစ်မြှုပ်နေမှု



ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး



ဓမ္မစေတီခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကားမွန်ဘာသာအားဖြင့်'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။ခေါင်းလောင်းဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ထို့အပြင် ဇာကိုလိုကောခေါင်းလောင်းသည်(၁၈)ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာအေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း ဖြစ်သင့်ပေသည်။



ခေါင်းလောင်းတော်ကြီးကိုဆယ်ယူရရှိမည်ဆို ပါက မွန်အမျိုးသားတို့၏ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့ အသေးစိတ်အချက်အလက်တို့ကု ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။၎င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက်နှစ်ပေါင်း(၁၅၀၀ )ခန့်စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာ အတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။



လှူဒါန်းခြင်း



မြန်မာ့သမိုင်းတွင်မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင်ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခုပဲခူး)မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင်လူဦးရေ စစ်တမ်းကောက်ယူခဲ့သည်။ ဓမ္မစေတီမင်းကြီးသည်ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊စွန္တရာဇာအမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ယူရန် တာဝန် ပေးခဲ့သည်။အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါကောက်ခံခဲ့ရာကြေးစင် တစ်သန်းနှင့် ရှစ်သိန်းရရှိခဲ့သည်။မင်းကြီးက ကြေးပါ ကောက်ယူခဲ့သောအမတ်လေးဦးအား အပြစ်ဒဏ်ပေး၏။ကြေးများကို ကာယကံရှင်များအားပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့်အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း(၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။



အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။သို့သော် ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီးအသံမမည်ဟု ဆိုသည်။) ခေါင်းလောင်းသွန်းလုပ်စဉ်`လောကဥာဏ´ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။မင်းကြီးက အကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံး ဖြစ်သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ် ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို မွန်ဘာသာဖြင့်အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင် တွင် ချိတ်ဆွဲလှူဒါန်းရေစက်ချတော်မူသည်။ ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့် “အဝိန္ဒဆောက်’’ဟု အမည်ရ သည်။(ရွှေတိဂုံ စေတီတော် တည်ရှိရာကုန်းတော်ပေါ်တွင ပထမဦးဆုံးလှူဒါန်းသောခေါင်းလောင်းမှာ ဓမ္မစေတီခေါင်းလောင်းကြီးပင် ဖြစ်သည်။ ယခုအခါရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း(၂၉)လုံးရှိသည်။ သုတေသန=မေယာအမ်တီ)



ရှေးခေတ်စာမှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ငွေ တို့လည်းပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့်နီလာ ရတနာတို့လည်းမြှုပ်ထားသည်ဟုဆိုသည်။ ဓမ္မစေတီမင်းဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။ခေါင်းလောင်းကြီးသည် ၁၂-တောင် မြင့်ပြီး၈-တောင် ကျယ်သည်။တစ်ပြိုင်တည်းမှာပင် ၅၀၀ပိဿာရှိခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်းခဲ့သည်ဟုအဆိုရှိသည်။



နိုင်ငံခြားသားများရောက်ရှိခြင်း



နောင်နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည်`ဂစပါရို ဘယ်ဘီ ´သည်ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကိုအသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ"ကျွန်ုပ် တွေ့ခဲ့ရသည်မှာအလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန်ကြီးမားသော ခေါင်းလောင်းကြီးရှိပြီးအတိုင်းအတာအားဖြင့် ခြောက်လှမ်းနှင့် သုံးဖန်ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့်တစ်ခုပူးကပ် နေသောစာများအပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။"



၁၅၃၀-ခုတွင် မွန်ဘုရင်များ၏အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။တစ်ချိန်တည်းမှာ ဥရောပကုန်သည်နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ`ဖီလစ်ဒီဘရုတ်တိုရနီကုတ် ´အား စီရမ်(သန်လျင်)တွင် ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင်သူ၏သြဇာမှာ မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင်အပါအဝင် ဒဂုံအထိ ရောက်သည်။



ယူဆောင်ခြင်း



ခရစ်သက္ကရာဇ်၁၆၀၈-ခုနှစ်တွင်ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုသည်ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍ အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှလှိမ့်ချ၍ မြစ်ကမ်းနားထိ ဆင်များဖြင့်ဆွဲကာပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ဖောင်ဖြင့်သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့်ငမိုးရိပ်ချောင်း သုံးသွယ်ဆုံဆည်းရာဒေါပုံမြစ် နေရာတွင် ဖောင်ပျက်ပြီးခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့သည်။ဖိလစ်ဒိုဘရစ်တို လည်းရေအောက်သို့ပါသွားခဲ့သည်။ ပေါ်တူဂီတို့လည်း၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သောဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့်တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်းသေစေသည် ဟုဆိုသည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီးရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရေအောက်နစ်မြှုပ်နေသည်မှာနှစ်ပေါင်း (၄၀၀) နီးပါးရှိချေပြီ။



(ဖီလစ် ဒီဘရေဒိုမှာရခိုင်ဘုရင့်တပ်မတော်၏ ကြေးစားစစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့ သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။ သူအင်အားကြီးမားလာသော အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ဦးစီးသော ရခိုင်ဘုရင့်ရေတပ်မတော်မှာ့ သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။ ဖီလစ်ဒီဘရေတိုလည်းသင်္ဘောသုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင် ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့ ထိပ်တိုက်တိုးလေသည်။ရခိုင်ရေတပ်မတော်ကြီးသည်လည်းသန်လျှင်ကို မရောက်သေးသောကြောင့်ပေါ့ပေါ့လျှော့ေ လျှာ့နှင့် ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ချီတက်လာရာရခိုင်မင်းသားသည်ပေါ်တူဂီ တို့၏ဖမ်းစီးခြင်းကိုခံရလေသည်။ ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင် သည်လည်း မိမိသားတော်အသက်မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိုက်ရသည်။ ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည်သန်လျှင်တွင် ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော တပ်မတော်ကြီးနှင့်သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။ ဖီလစ်ဒီဘရေတိုသည်၊တောင်ငူဘုရင် နတ်သျှင်နောင်နှင့်အတူအဖမ်းခံရပီး အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏ အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။သန်လျှင်တွင် ယခုတိုင်ဖီလစ် ဒီဘရေဒို၏အုတ်ဂူရှိသေးသည် ။( တချို့သောအကြောင်းအရာများ မှားကောင်းမှားနိုင်သည် သို့သော် သေချာသည် များကား ဖီလစ်ဒီဘရေဒိုသည်ခေါင်းလောင်းကြီးနှင့်အတူနစ်မြုပ်သွားခြင်းမဟုတ်ပေ))



ဆယ်ယူရန် ကြိုးပမ်းမှုများ



ရန်ကုန်ရှိသမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင်ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ထိုးသည်ဟု ပါသည်မှတပါးဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ယခုခေတ် လူကြီးများပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။မြစ်မှာမနက်ပေ။ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။



ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော်မှချကာ မြစ်ထဲကျခဲ့ပြန်သည်။သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော်၎င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ပြန်ပို့ခဲ့သည်။



ဗြိတိသျှ တို့ ကြိုးပမ်းမှု



ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ ရွှေတိဂုံစေတီတော်သို့ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့်ဗြိတိသျှတို့လည်းမစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့အမျိုးသားရေး ရစေခဲ့သည်။



မြန်မာအစိုးရ ကြိုးပမ်းမှု



ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာသမိုင်းပညာရှင်ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။



မြန်မာအစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်းနှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကိုဟက်ခြာက သဘောတူခဲ့ပါသည်။ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင်ရစ်ချတ်ဂရီက အားတက်သရောပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကိုအပြည်ပြည်ဆိုင်ရာအဆင့်ထိ စိတ်ဝင်စားစေသည်မှာသံသယရှိစရာမလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်း ၄င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည်ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာအောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။



ဘာသာရေးကိုင်းရှိုင်းသောမြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော်အမွေကိုပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံပြန်လည်ကောင်းမွန် လာလိမ့်မည်ဟုယုံကြည်ကြသည်။ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသောအမွေကို ပြန်လည်ရရှိကြမှာသေချာပါသည်။ထို့ပြင် ၄င်းခေါင်းလောင်းကြီးတွင်ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သောအထောက်အထားပင် ဖြစ်ပေမည်။



၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်းခေါင်းလောင်းတော ရှာဖွေဆယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအ ဝေးပွဲကိုရန်ကုန်မြို့၊ မြို့တော်ခန်းမရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။[2]



၎င်းလုပ်ငန်းကိုကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။အချို့သောဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည်မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟုဆိုသည်။ ယခုခေတ်ကိုကျော် ပြီးနောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည်ဟုဆိုသည်။



မိုက်ဟက်ခြာနှင့်၎င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန်ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်းလုပ်ငန်းကိုစိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင်၎င်းအဖွဲ့သည် အင်ဒိုနီးရှားဆယ်ယူရေးပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်းဖြစ်ဟန်တူသည်။



ထိုဆယ်ယူခြင်းလုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသောခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။



ဦးစံလင်း၏ ကြိုးပမ်းမှု



ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းကမြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာခေါင်းလောင်းကြီး၏ မူလနေရာရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံးပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ခွင့်ပြုချက် တောင်းခံလျှက်ရှိသည်။ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊၁၉၉၈-ခုနှစ်တွင် နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊စုစုပေါင်း လေးကြိမ်တိတိဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည်။



ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ



*ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊ *အခြားခေါင်းလောင်းတစ်လုံး၊ *ဥာဏ်တော် ခုနှစ်တောင်စီရှ ရွှေသားအစစ်ရပ်တော်မူဗုဒရုပ်ပွားတော် နှစ်ဆူ *ကျောက်သံ ပတ္တမြားများပါသည့်သေတ္တာ (၁၁)လုံးယနေ့ထက်တိုင်ရှိနေသည်ဟုဆို၏။



ဦးစံလင်း၏ သဘောထား



မြန်မာ့နည်း၊မြန်မာ့ဟန်၊မြန်မာ့အဆင့်မြင နည်းပညာဖြင့်ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ဲဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှစက်ယန္တရားပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက်(သို့) ရေယာဉ်တစ်စီးအဓိက လိုအပ်ပါသည်။၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီးမိုးတွင်းတွင်ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလိုပြောင်ရှင်းနေ၍ ဖြစ်သည်၊နွေရာသီတွင်နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။

မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။
ဆက်ဖတ်ရန်>>>